Zawgyi
" အင်း.....ဒါပေမဲ့ငါ့မှာကြိုက်နေတဲ့သူရှိတယ်''
ခွန်းမြတ်ထွဋ် ရဲ့စကားကြောင့်အတန်းထဲကလူတွေ
ရုန်းရုန်း ရုန်းရုန်းဖြစ်သွားကြသည်...။" ဘယ်သူလဲ.....ဘယ်ကလဲ''
" မင်းနဲ့မဆိုင်နဲ့ကိစ္စထင်တယ်...''
" မဟုတ်ပါဘူး.....မြတ်နိုးကဘယ်သူလဲသိချင်ယုံပါအကို''
တစ်တန်းလုံးလည်း မြတ်နိုးသွင်ကဲ့သို့သိချင်နေသော်
လည်း အလင်္ကာလွန်း မှာစိတ်ဝင်စားမှုအလျဉ်းမရှိ စာကိုသာကုန်းဖတ်နေသည်.....။ ခွန်းမြတ်ထွဋ် တစ်ယောက်နည်းနည်းတင်းသွားတာတော့အမှန်........." ဒီအခန်းထဲကပဲ.....''
ထိုစကားအားကြားသောအခါ အခန်းထဲရှိမိန်းကလေးများမျက်လုံးပေါ်တွင် မျှော်လင့်ချက်ရောင်ခြည်တန်းလေးများ ဖြတ်သန်းသွားကြသော်လည်း ရည်ရွယ်သူမှာ
စာသာကုန်းဖတ်နေပြန်သည်.....။" ရှင်....ဒီအခန်းထဲကလား အကို ''
မြတ်နိုးသွင်တစ်ယောက် လှည့်လည်ကြည့်သော်လည်း
အကို သဘောကျရလောက်အောင်လှပတဲ့မိန်းကလေးမရှိ.....။အဘယ်ကြောင့်ဆိုသော် ဤအခန်းသည် Future Private ၏ Section (A) ဖြစ်သောကြောင့်ဖြစ်
သည်....။" အလင်္ကာလွန်း ''
ဆက်စပ်မှုမရှိ ပြောလိုက်တဲ့နာမည်ကြောင့်တစ်တန်း
လုံးကြောင်သွားတာအမှန်...." မင်းသိတယ်မလား.....ငါသဘောကျနေတဲ့သူ''
တစ်ခန်းလုံးရဲ့အကြည့်များသည် ခွန်းမြတ်ထွဋ်ဆီမှ စာ
ကုန်းဖတ်နေသော အလင်္ကာလွန်း ဆီသို့......" ငါ...ငါလား ငါကဘယ်လိုသိမှာလဲ မင်းနဲ့ခင်တာတောင် ၁ ပတ်မပြည့်သေးဘူး ''
" ငါ့နှလုံးသားကို ယူထားပြီးဘာကြောင့်မသိချင်ယောင်
ဆောင်နေရတာလဲ ''အလင်္ကာလွန်းတင်သာမက တစ်ခန်းလုံးလည်း ခွန်းမြတ်ထွဋ် ရဲ့စကားကိုနားမလည်ကြ....
" ထားလိုက်တော့.....ဒီလောက်ဆိုရင် ဟိုတစ်ယောက်
လည်းပြန်လို့ရပြီထင်တယ် နောက်တစ်ခါမလာပါနဲ့
အာရုံနောက်လို့......''
YOU ARE READING
The First Step Of Our Dreams