Zawgyi
" မင်္ဂလာအချိန်ကျရောက်ပြီဖြစ်ပါ၍ အခမ်းအနားအား
စတင်ဖွင့်လှစ်ရန် လူရည်ချွန်မောင်မယ်များနှင့် ထူးချွန်
ကျောင်းသားကျောင်းသူများအား ဖိတ်ခေါ်အပ်ပါတယ်
ရှင် ''တစ်နှစ်တာလုံး နယ်ပယ်အသီးသီးတွင် အထူးချွန်ဆုံးသော ကျောင်းသားကျောင်းသူ ၆ ယောက်မှ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ရန်ကျောင်းဝင်ပေါက်ဝ
သို့ လာခဲ့ကြသည် ။ ထိုထဲတွင် စာပေကဏ္ဍမှ အထူးချွန်ဆုံးကျောင်းသားအဖြစ် အလင်္ကာလွန်းလည်း ပါဝင်နေသည် ။ ကျောင်းယူနီဖောင်းပေါ်မှ သက္ကလတ်ကုတ်တိုနက်ပြာထပ်ထားသောထိုထူးချွန်ကျောင်းသားလေးအား ထောင့်ပေါင်းစုံမှ မပြီးဆုံးနိုင်အောင်ဓာတ်ပုံ
ရိုက်နေသည့် ဂွမ်းဝမ်းဆက်အညို နှင့်ကောင်လေး
တစ်ယောက်လည်း ရှိသေးသည် ။" ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် Future ကိုယ်ပိုင်အထက်တန်းကျောင်း၏ ပညာရည်ချွန်ဆုပေးပွဲအား အောင်မြင်စွာ ဖွင့်လှစ်ပြီးကြောင်း ကြေညာအပ်ပါတယ်
ရှင် အစီစဉ်နှစ်အရ....''" ကိုကို...ဗိုက်ဆာနေသေးလား ''
" ရတယ် မဆာပါဘူး ကော်ဖီနဲ့မုန့် စားခဲ့တာပဲဟာ အခုမှအခမ်းအနားစတာဆိုတော့ ကြာတော့ကြာဦးမယ်ထင်တယ် မင်းပျင်းနေဦးမယ် ''
ခွန်းမြတ်ထွဋ်မှ အလင်္ကာလွန်း၏ဆံပင်များအား ဆွဲဖွကာ နဖူးထပ်သို့အနမ်းခပ်ဖွဖွခြွေလိုက်သည် ။
" ဘယ်သူပြောလဲ....ကိုကိုရှိနေတဲ့ ဘယ်နေရာကမှ ပျင်းစရာမကောင်းခဲ့ပါဘူး ''
" စောက်ပိုတွေတော့ ပြောပြန်ပြီ ''
" ဟားဟား...တကယ်ပါဗျာ အပိုတွေမဟုတ်ရပါဘူး ''
" အဲ့တာဆို ငါဆုယူမယ့်နေရာမှာ သွားထိုင်တော့မယ်နော်....ဘယ်မှလျှောက်သွားမနေနဲ့ ''
" ဟုတ်ပါပြီဗျာ...ကျွန်တော်မျိုးကို စိတ်ချတော်မူပါ ''
နူးနူးညံ့ညံ့ဖြင့် လက်သီးပြကာ ဆုယူရန်မဏ္ဍပ်သို့
သွားခဲ့သော ထိုကောင်လေးကို မျက်စိတစ်ဆုံးလိုက်
ကြည့်နေမိသည် ။ မကြာမီသူကိုယ်တိုင်လည်း မုန့်ဆိုင်
နှင့် ပန်းကုံးဆိုင်များဘေးမှ ပွဲကြည့်ရန်နှင့်အုပ်ထိန်းသူ
မိသားစုများထိုင်ရန်စီချထားသော ထိုင်ခုံများထဲမှ တစ်ခုံ
တွင်ဝင်ထိုင်လိုက်သည် ။ ဖျော်ဖြေရေးအပိုင်းမှ အကအဆိုကျောင်းသားကျောင်းသူများကလည်း အမျိုးမျိုးသောဝတ်စုံများဖြင့် အရောင်အသွေးစုံလင်နေသည် ။
စိုင်းဇေယျာခမ်း နှင့် သော်တာမြူ ပင် ရှမ်းရိုးရာဝတ်စုံ
များဖြင့် ထိုအုပ်စုထဲတွင် တွေ့နေရသေးသည် ။
YOU ARE READING
The First Step Of Our Dreams