Zawgyi" မေမေ ဒီနေ့ဘာဟင်းချက်လဲ ''
" ငါးဟင်း ''
တိတိကျကျပြောရမယ်ဆိုလျှင် သူ့သူငယ်ချင်းနဲ့တွေ့တဲ့နေ့ကတည်းက မေမေငါးဟင်းပဲချက်နေတာ
၅ ရက်ရှိပြီ ။ ငါးသာ ဘာငါး ညာငါးပြောင်းသွားပြီး
ကျွန်တော်သာ ပိုချောလာတယ်....မေမေကတော့ ငါးဟင်းချက်တုန်း ။ စောက်ဆံကလည်းမရှိတော့ အပြင်မှာလည်း ထွက်မစားရ....ဘဝကဆိုးရွားလိုက်တာ" ဟာ...ဒီနေ့လည်း ငါးဟင်းဘဲလား ''
" ငါးဟင်းပဲပေါ့....ရှင့်ပိုက်ဆံက ဘယ်လောက်ဝင်လို့လဲ သူများလို Shopping ထွက်လိုက် Dinner
တက်လိုက်လုပ်ချင်ရင် ခြွေတာစားရမှာပေါ့....''" ဒါမဲ့လည်း....''
" တော်တော့ အလင်္ကာ ငါချက်တာစား...''
" ဟုတ် ''
ငါးဟင်းစားမယ့်အစား အငတ်ပဲခံလိုက်ချင်လိုက်တော့တယ်...တကယ်ပဲမေမေကလည်း အငြိုးကြီးလိုက်တာ
" ကိုကို....ကိုကို ထမင်းမစားသေးဘူးလား ''
" ကြည့်ဦးလေ ငါးဟင်းတဲ့ ဘယ်နှစ်ရက်ရှိပြီလား ကြာရင်ငါပါ အမြီးပေါက်လာမယ်....ညကျမှ ကော်ဖီနဲ့မုန့်ပဲစားတော့မယ် ''
အိမ်အောက်ကို လက်ညိုးတစ်ထိုးထိုးနဲ့ မကျေမနပ်ပြောနေသော အလင်္ကာလွန်းကိုခွန်းမြတ်ထွဋ်မှ အူယား
လာတော့သည် ။" အဲ့တော့ ကိုကိုကဘာစားချင်တာလဲပြော ကျွန်တော်
လိုက်ဝယ်ကျွေးမယ် စားချင်တာသာပြောလိုက် ''" နေပါဦး မင်းမှာအဆံရှိလို့လား....မင်းအမေမပို့တော့ဘူးမလား ဘယ်ကပိုက်ဆံနဲ့သွားစားမှာလဲ ''
" ဘာလဲ...ကိုကိုက ကျွန်တော့်ကိုအထင်သေးတာလား ကိုကိုစားဖို့တော့ရှိပါတယ်ဗျာ တစ်မြို့လုံးကြိုက်တာတောင် စားလို့ရတယ် ဆန္ဒရှိရင်တရုတ်ပြည်သွားစားမလား ကိုရီးယားသွားစားမလားပဲ ''
" ပြီးရော...ပြီးရော မရှိရင်တောင် မင်းအိမ်က အဖိုးတန်လေးတွေ နည်းနည်းထုတ်ရောင်းလိုက်ရင် ရနေတာပဲ ဟဲဟဲ ''
ခွန်းမြတ်ထွဋ်အိမ်အကြောင်းပြောလိုက်သည်နှင့် ခွန်းမြတ်ထွဋ် မျက်နှာအနည်းငယ်ညိုးသွားတော့သည် ။
YOU ARE READING
The First Step Of Our Dreams