Zawgyi
" ဟေ့ ပေါက်စ ပေါက်စ ဖြေရတော့မှာ ''
" အေး ခဏလေးပဲ ပြီးတော့မယ် ''
ဒီနေ့နောက်ဆုံးဘာသာ Biology စာမရတဲ့ကိုယ်တောင်အေးဆေးတည်ငြိမ်နေပေမယ့် အိပ်နေရင်းနဲ့တောင်
Chapter လိုက်ထဆိုနိုင်တဲ့သူကတော့ စာမေးပွဲခန်းထဲ
မဝင်ခင် ဘုရားစာရွတ်နေလေရဲ့ ။ အခန်းထဲရောက်မှရွတ်ဆိုတော့လည်း အခန်းထဲရောက်ရင် နောက်တစ်မျိုးရွတ်ရမှာတဲ့ ။" လာတော့ပေါက်စရေ အကုန်လုံးဝင်သွားပြီ ''
" ဟမ် လာပြီ ''
ပေါက်စကောင်းမှုအကြောင်းပြု၍ အခန်းစောင့်ဆရာမ၏ အာရုံစူးစိုက်ခြင်းကို ခံလိုက်ရသည် ။ သေချာပါတယ် ဒီနေ့တော့ အတန်းထဲမှာဆရာမရဲ့ အာရုံစိုက်ခံလူသားက ကိုယ်ပဲဖြစ်နေမယ်ဆိုတာ ။ သကောင့်သားလေးကတော့ သူနဲ့မဆိုင်သလို မျက်စိတွေမှိတ်ပြီးဘုရားစာဆက်ရွတ်နေသည် ။
" အချိန်ပြည့်ပြီ စာရွက်တွေမြန်မြန်လာထပ်ကြတော့ ...
မသွားကြနဲ့ဦးနော် ဆရာမပြောစရာရှိသေးတယ် ထိုင်နေကြဦး ''" ဟုတ် ''
" ဟုတ်ပြီ နှစ်ဝက်စာမေးပွဲကတော့ပြီးသွားပြီနော် အဲ့ဒီတော့ ဆရာမတို့က အခုကျောင်းပိတ်ရက်မှာ Trip ထွက်မယ်လို့စိတ်ကူးထားတယ်... ''
" Yay ထွက်မယ်ဗျ ''
" ထွက်မယ်ရှင့် ''
Trip ဆိုတဲ့အသံကြားတာနဲ့ မဖြေနိုင်လို့ဘီလူးမသံပုရာသီးကိုက်ထားတဲ့ရုပ်တွေကနေ ချက်ချင်းကိုပျော်မြူးသွားပြီး ဆူညံသံတွေက ဟိုတစ်ပေါက် ဒီတစ်ပေါက်ထွက်လာတော့သည် ။ အလင်္ကာလွန်းကတော့ ထိုသူတွေကို တောသားတွေ ဆိုတဲ့အကြည့်တွေပစ်လွှတ်နေလေသည် ။
" နေကြပါဦး အဲ့တာဆရာမတို့က ပြင်ဦးလွင် လို့စိတ်ကူးထားတယ် အဆင်ပြေကြလား ''
" ပြေတယ်ဗျ ''
" အဆင်ပြေရင် လိုက်မယ့်သူတွေက အခုကတည်းက
စာရင်းပေးခဲ့ကြပါ သဘက်ခါသွားမယ့်နေကျရင် တစ်
ယောက် ၃၅၀၀၀ ယူလာပေးပါနော် ''ကျောင်းသားတွေလည်း ဆရာမအားအပြေးစာရင်းပေးကြတော့သည် ။ တစ်တန်းလုံးတစ်ယောက်မှတောင် နေခဲ့မယ့်ပုံမပေါ် ။
YOU ARE READING
The First Step Of Our Dreams