Episode (5)

4.6K 580 17
                                    

Zawgyi

ဘယ်သူမှမထင်ထားတာက သူဋ္ဌေးသားလူချောလေး
roll.1 '' ရသန်လင်း '' ကအလင်္ကာလွန်းတို့နဲ့ စာ
အတူတူလုပ်မယ့်အပြင် အလင်္ကာ့ကို '' လွန်း '' ဟု
အမည်အဖျားစွတ်ခေါ်လိုက်ခြင်းပင် ။

" လွန်း စာတူတူလုပ်ရအောင်''

မျက်လုံးများမှိတ်ကျသွားသည်အထိ ရသန်လင်းမှ
ချစ်စရာကောင်းစွာရယ်ပြကာ တောင်းဆိုလာသည်။
အလင်္ကာကိုယ်တိုင်ပင် ချစ်စရာကောင်းသော ထိုမျက်နှာအမူအရာကြောင့် ပြုံးမိသွားသည် ။ အတန်းထဲမှကောင်မလေးများ၏ နူးညံ့လှသောအသဲနှလုံးလေးများသည် ရသန်လင်း၏အပြုံးနှင့်အတူ အရည်ပျော်သွားတော့သည် ။

" မလိုဘူး''

ခွန်းမြတ်ထွဋ်မှ အလင်္ကာအားနောက်ပို့ကာ ရသန်လင်းနှင့် မျက်နှာချင်းဆိုင်၍ အေးစက်စက်ပြောလာသည် ။ အခုလိုရုပ်ချောတဲ့ကျောင်းသားလေးဆီက ဘယ့်နဲ့ကြောင့် အေးစက်စက်စကားလုံးတွေ ထွက်လာနိုင်ရတာလဲ ။

" ငါကလိုတယ်ဆိုရင်ကော''

ရသန်လင်းမှ ခနဲ့ပြုံးဖြင့်ပြန်လည်တုံ့ပြန်လာသည်။မဖြစ်တော့ဘူး.....ဒီပုံစံအတိုင်းဆို ရန်ဖြစ်ကြတော့မယ်။

" ဒီလိုဆို မင်းတို့နှစ်ယောက်ပဲစာအတူလုပ်လိုက်ကြပါလား။ရသန်လင်းက ခွန်းမြတ်ထွဋ်ကို စာရှင်းပြလိုက်ပေါ့ မကောင်းဘူးလား ။ ''

" မဖြစ်ဘူး ''

နှစ်ယောက်လုံးဆီက ပြိုင်တူထွက်လာတဲ့အငြင်းစကား ။

" သားတို့စာလုပ်ဖို့်က ကျောင်းဆင်းမှဆက်ဆွေးနွေးလိုက်ကြပါလား ချယ်လည်းစာသင်ရဦးမှာဆိုတော့ ''

တီချယ်မှ ပုခုံးအားလက်ဖြင့်ပွတ်ရင်း ရယ်စစပြောလာတော့သည် ။

◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾

" နှစ်ယောက်လုံး ထိုင်ကြ''

အလင်္ကာတစ်ယောက် ဒီကိစ္စကို အတန်းခေါင်းခံ
ပီပီ တာဝန်ယူဖြေရှင်းမှဖြစ်မယ်....အဟမ်း ။

" ရသန်လင်းမင်းက စာတော်တယ်မလား ကိုယ့်
ဘာကိုပဲ စာလုပ်လိုက်တော့လေ ။ တစ်ယောက်ထဲ
စာလုပ်တောင် မင်းအတွက်ကပိုတောင်အဆင်ပြေ
ဦးမယ် ။ ပြီးတော့ ငါ့အိမ်ကစာသင်ဖို့အတွက် အဆင်မပြေဘူး ။ ညနေက အိမ်မှာလူလည်းစုံတဲ့အချိန်ဖြစ်ပြီး အိမ်ကလည်းကျဉ်းတော့ အဆင်ပြေမှာမဟုတ်လောက်ဘူး ။ စာလုပ်မယ်ဆိုရင်တောင် ခွန်းမြတ်ထွဋ်
အိမ်မှာပဲ လုပ်ရမှာ ''

The First Step Of Our DreamsWhere stories live. Discover now