Zawgyi
" မေမေ သွားပြီနော် ''
" ဟဲ့ အလင်္ကာရေမချိုးသွားဘူးလား ''
" တော်ပြီ မချိုးတော့ဘူး ချိုးထားတာမကြာသေးဘူးလေ
၁ ပတ်တောင်မပြည့်သေးတာကို....''တီရှပ်လက်ရှည်အသားရောင်ပေါ်မှ ဂျင်းအကျီအနက်လေးထပ်ထားပြီး ဝတ်နေကျဂျင်းဘောင်းဘီနက်ပြာလေး
နှင့် အလင်္ကာသည် သူငယ်ချင်းများနှင့်မုန့်သွားစားရန်
ထွက်လာခဲ့သည် ။ ရှေ့မှဆိုင်ကယ်အဝါလေးအားမောင်းနှင်သူ ခွန်းမြတ်ထွဋ်ကတော့ တီရှပ်လက်ရှည်အနီရောင်အပွလေးအား ဂျင်းဘောင်းဘီအပွအနက်ရောင်လေးနှင့် တွဲဖက်ဝတ်ဆင်ထားလေသည် ။" ဟေ့ရောင်တွေ ဒီမှာ ''
ဆိုင်ထဲဝင်တော့ စိုင်းဇေယျာခမ်းလက်လှမ်းပြရာနေရာသို့ ဝင်ထိုင်လိုက်သည် ။ နှစ်ယောက်စလုံးမှာ ထုံးစံ
အတိုင်း ဖုန်းကြည့်နေကြသည် ။" ဟင် ဘာမှလည်းမမှာထားဘူးလား ''
" အင်းလေ မင်းလာမှမှာရအောင် ''
" အဲ့တာဆို ငါသွားမှာလိုက်မယ်နော် ပိုက်ဆံကတစ်ယောက် တစ်ထောင်စိုက်နော် ငါတောင်အမေ့အိပ်ကပ်ထဲက ခိုးခဲ့တာ ''
" ဟင် မင်းဝယ်ကျွေးမယ်ထင်နေတာ ''
" သေလေ အပိုပါတာဆိုလို့ ၂၀၀ ပဲရှိတယ် ပိုက်ဆံမပါရင်ဆိုင်မှာထားခဲ့မှာဗျ ''
" အေးပါ အေးပါ စိုက်ပါ့မယ်ဗျ မှာစားမှာဖြင့်မှာပါဗျ ''
အလင်္ကာလွန်းလည်း ဆိုင်အဝင်ပေါက်မှ ဟော့ဒေါ့တို့
ပင်လယ်စာတို့ ကြော်နေသည့် ဆိုင်ရှင်နားသွားကာ
နည်းနည်းစုံစုံ ၄၀၀၀ ဖိုးကွက်တိမှာ၍ ရပ်စောင့်နေသည် ။" ဒီမှာ စားမှာမလား သား ထိုင်နေလေ လာချပေးမယ် ''
" ရတယ်ဗျ ''
ထိုသို့ဘေးတွင်နေချင်းမှာ အလကားမဟုတ် ။ ဘေးမှနေ ''အန်တီ ဟော့ဒေါ့ကို ဟိုတစ်ခု ထည့်ပေးပါ....ဆော့လေးနည်းနည်းထပ်ထည့်ပေးပါဦး သခွားသီးလေးကောများများထည့်ပေးပါ သခွားသီးကြိုက်လို့ဗျ ဆလပ်ရွက်က တစ်ရွက်ထဲလား လာစားနေကျကို များများလေး
ထည့်ပေးပါ '' အစရှိသဖြင့် ၄၀၀၀ ဖိုးနှင့်မတန်အောင် ဘေးမှနေ တတွတ်တွတ်နှင့်စိတ်တိုင်းကျ လက်ညိုးထိုးပြီးတဲ့အခါမှာတော့ ဟော့ဒေါသုပ်တစ်ပွဲ ၊ ပင်လယ်စာသုပ်တစ်ပွဲ ၊ အာလူးမာလာနှစ်ပွဲနှင့် အလင်္ကာလွန်းတစ်ယောက် စားပွဲသို့ပြန်လာခဲ့သည် ။
YOU ARE READING
The First Step Of Our Dreams