Episode (24)

2.4K 245 9
                                    

Zawgyi

" အလင်္ကာ လာလေစောင့်နေတာ ''

ဂါဝန်အဝါနုလေးဝတ်ထားကာ လက်လေးယက်ပြီးခေါ်နေသော သူမသည်အမှန်တကယ်ကို ကျွန်တော့်ပုံစံဖြစ်သော်လည်း သူမနားသို့ချက်ချင်းမသွားမိချေ ။

" ဟို ငါ...ငါ ''

" လာပါ မုန့်စားရအောင်နော် ''

ထိုင်ရာမှထကာ လက်လာဆွဲပြီးမုန့်စားဖို့ခေါ်နေသည့်
သူမကြောင့် ထိုအုပ်စုထဲတွင်ဝင်ထိုင်လိုက်သည် ။

" အလင်္ကာ ကအရမ်းတော်တယ်နော် အခုချိန်ထိ Class(A) ပဲ မေမီကသာ (B)ခန်းရောက်သွားတာ''

" အာ...မဟုတ်ပါဘူး ပုံမှန်စာလုပ်ဖြစ်လို့ပါ မေမီမီခန့်လည်း တော်ပါတယ် ''

" ခိခိ အလင်္ကာကသူများစိတ်ချမ်းသာအောင်လည်းပျော်တတ်တာပဲ ''

" အင်း ''

သူမဘေးမှာထိုင်နေရင်း အနေခက်လာလို့ဘေးနားကြည့်လိုက်တော့ ခွန်းမြတ်ထွဋ်ကမရှိ ။

" ဟို မေမီ ငါသွားစရာရှိလို့ ညနေမှတွေ့မယ် ''

" ရတယ် အလင်္ကာသွားလေ ''

" အင်း ''

ညောင်ပင်အောက်ကထွက်လာပြီး အနီးနားပတ်ကြည့်တော့လည်း ခွန်းမြတ်ထွဋ်နဲ့တူသည့်အရိပ်အရောင်
ဟူ၍ အနည်းငယ်မျှမတွေ့မိ ။ ဟာ....တကယ်ပါပဲ ဒီကောင်ဘယ်တွေလျှောက်သွားနေတာလဲ ။

" ကိုယ့်ကိုရှာနေတာလား ပေါက်စ ''

အသံသြသြလာရာကြည့်လိုက်တော့ သစ်ပင်နောက်မှာ
ရပ်နေသည့် ခွန်းမြတ်ထွဋ်ကိုတွေ့လိုက်ရသည် ။ အပင်နောက်ကနေ လက်နောက်ပစ်ပြီးအနားလျှောက်လာကာ အပေါ်ကမိုး၍ ကြည့်နေသည် ။

" ဘာလဲ ကိုယ် ၁၅ မိနစ်လောက်မရှိတာနဲ့မနေတတ်တော့ဘူးမလား ဟာတာတာဖြစ်သွားတယ်မလား အဲ့လိုအရမ်းလှတဲ့ကောင်မလေးနဲ့ ထိုင်ပြီးစကားပြောနေရတာတောင် နေရခက်နေတယ်မလား အခုကိုယ်ပြောတာတွေအကုန်မှန်နေတယ်မလား ''

တကယ်ကို သူပြောသမျှအကုန်အမှန်တွေချည်း ။ ဒါထူးဆန်းနေတယ်ဆိုတာသိပေမယ့် ဘာကြောင့်ဒီလိုဖြစ်နေတာလဲဆိုတဲ့အဖြေကရှာမရ....

The First Step Of Our DreamsWhere stories live. Discover now