Zawgyi
ခွန်းမြတ်ထွဋ် တစ်ယောက်ညစာစားပြီးချိန်တွင်
အလင်္ကာလွန်း၏နာမည်ဖြင့် Acc အားရှာကြည့်သော်
လည်း အရိပ်အယောင်တောင်မတွေ့သဖြင့် ဖုန်းသာဆက်သုံးဖြစ်နေတော့သည် ။ Future Private School တွင် ဘော်ဒါမရှိသောကြောင့် ခွန်းမြတ်ထွဋ်
သည် မိဘများဝယ်ပေးထားသော အိမ်တွင်တစ်ယောက်တည်း နေသည် ။ နေ့စဉ်အိမ်မှုကိစ္စများ တာဝန်ယူပေးသည့် အန်တီကြီးမှာလည်း ညနေကျောင်းဆင်းချိန်တွင်အလုပ်ဆင်း၍ အိမ်တွင်တစ်ယောက်တည်း အေးအေးဆေးဆေး ဖုန်းသုံးနေနိုင်သည် ။ဖုန်းသုံးနေရင်း '' Myuu '' ဆိုတဲ့ Acc မှသူ့အား Post
တစ်ခုတွင် Tag သည့် Noti တက်လာသည် ။သူ့အပြင်အတန်းထဲမှ တော်တော်များများကိုလည်း Tag ထား
သောကြောင့် အကောင့်နိမ်းနှင့် comment များအရ
" သော်တာမြူ '' မှန်းသိလိုက်ရသည် ။ပုံမှာလေလွင့်နေတဲ့ ခွေးပုံဖြစ်ပြီး Caption မှာ ခွေးဖြစ်တော့
မယ့် Class A ဟု ။ထိုစဉ်အောက်မှ
BLACKPINK MEMBER LISA ပုံနဲ့ '' လာလီဆာကို
ချစ်ဖို့ မွေးဖွားလာသူ '' ဆိုသည့် Acc က Comment လာမန့်သည်.....။လာလီဆာကိုချစ်ဖို့ မွေးဖွားလာသူ: ငါတော့မဖြစ်ဘူး
Myuu: ကျွန်တော်မျိုးမှားသွားတာပါ ဟိုက်ပါကြီးဗျာ
Tag တွဲမိတဲ့အတွက် ခွင့်လွှတ်တော်မူပါSai Zayar Kham: လာလီဆာကိုချစ်ဖို့ မွေးဖွားလာသူ (အဲ့တာဆို ကိုယ့်ကိုစာရှင်းပြနော်အချစ်)
လာလီဆာကိုချစ်ဖို့ မွေးဖွားလာသူ: Sai Zayar Kham (ချီးစားလိုက်...စာမလုပ်ပဲ စော်နဲ့ချစ်တီတူးကြည်နူးနေတဲ့ တောသားတွေအလိုမရှိ)
Sai Zayar Kham: လာလီဆာကိုချစ်ဖို့ မွေးဖွားလာသူ (အချစ်လေးက အခုတော့ကိုယ့်ကို ဒီလိုစိမ်းကားသွားပြီပေါ့ ရင်တွေအောင့်ပြီး မျက်ရည်တွေတောင်
တတောက်တောက်ကျတယ်)Myuu: Sai Zayar Kham(ကျက်သရေတုံးချက်ကွာ
အလင်္ကာမပြောနဲ့ ငါတောင်မရှင်းပြချင်)Comment တွင်စကားများငြင်းခုံနေကြသော ထိုအကောင့် ၃ ခုသည် Class A မှ '' စိုင်းဇေယျာခမ်း ၊ သော်တာမြူ နှင့် အလင်္ကာလွန်း '' တို့ပင်ဖြစ်သည် ။
ဒါဆို လာလီဆာကိုချစ်ဖို့ မွေးဖွားလာသူ ဆိုတာ
အတန်းခေါင်းဆောင်ပေါက်စလေးပေါ့....။
YOU ARE READING
The First Step Of Our Dreams