Zawgyi
မနေ့ညနေကတည်းက အလင်္ကာလွန်းသည် ခွန်းမြတ်ထွဋ်အား ခါတိုင်းထက်အနည်းငယ်အရေးပေးဆက်
ဆံလာခဲ့သည် ။ ယခုလည်းအပြင်သွားရန် ခွန်းမြတ်ထွဋ်အား အကျီရွေးပေးနေသည် ။" ကျေးဇူးပါ ကိုကို ''
" ဘာက်ိုလဲ မင်းကိုဘယ်သူမှအကျီမရွေးပေးဖူးဘူးလို့
လာမပြောနဲ့နော် ''" အင်း ''
အလင်္ကာမှရွတ်နောက်နောက်စရင်းပြောလိုက်သည်
ဖြစ်သော်လည်း အတည်ဖြစ်နေသောအခါမျက်နှာခဏ
ပျက်သွားမိသည် ။" ဒါမယ့် အခုရှိပြီလေ စိတ်မကောင်းဖြစ်နေတာလား
ကိုကို ''" မဖြစ်ပါဘူး မင်းကရုပ်ဆိုးလိုက်တာလို့တွေးနေတာ ''
" ဟားဟား ကိုကို့သဘော ကိုကိုထင်တာအမှန်ပဲ ''
" သောက်ရူးကောင် ''
" ဟားဟား ''
အကျီလဲရင်း အလင်္ကာလွန်းပြောသမျှကိုသဘောတကျ
ရီနေသည့် ခွန်းမြတ်ထွဋ်နှင့် ကုတင်ပေါ်မှပေါက်တတ်ကရ အဖြာဖြာပြောနေသောအလင်္ကာလွန်းမှာ လိုက်လည်းလိုက်လွန်းသည် ။ ဒီနေ့မနက်တော့ ကောင်လေးနှစ်ယောက်ရဲ့ ရယ်မောသံတွေနဲ့တင်ဆူညံနေလေရဲ့ ။◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾
" ခွန်းမြတ်ထွဋ် ဒီကိုလာကြည့် ''
" အင်း ''
ပတ္တမြားစေတီတဖြစ်လည်း မိုးကုတ်မြို့၏တန်ခိုးကြီး
တောင်ပေါ်ဘုရားမှ ခွန်းမြတ်ထွဋ်နှင့်အလင်္ကာလွန်း
သည် တစ်မြို့လုံးအားခြုံငုံကြည့်နေသည် ။ အလယ်မှ
အင်းကြီးနှင့်ဘေးပတ်ပတ်လည်မှ တောင်များဝန်းရံထားသော မြို့လေးတွင် မြို့အားလှည့်ပတ်စီးဆင်းနေသည့် ရေနီချောင်းကလည်း အပေါ်ကမိုး၍ကြည့်သောအခါ နဂါးကြီးတစ်ကောင်အလား၊ တောင်ပေါ်မှ ရွှေဝါရောင်တောင်နေကြာပန်းများသည်လည်း နှိုင်းယှဉ်ဖွယ်ရာမရှိ ။ သဘာဝ၏အလှတရားအား မည်သည့်
အရာမှမယှဉ်နိုင် ။" ဝေါင်း လှလိုက်တာ ''
" မိုက်တယ်မလား လာဟိုဘက်မှာပိုမြင်ရတယ် ''
အလင်္ကာလွန်းမှ ခွန်းမြတ်ထွဋ်အားလက်ဆွဲကာ ပတ္တမြားစေတီ၏ အမြင့်ဆုံးအပိုင်းသို့ခေါ်ဆောင်သွားသည် ။
YOU ARE READING
The First Step Of Our Dreams