Zawgyi
" စိတ်လေလိုက်တာ....စာလည်းမလုပ်ချင်ဘူး ''
အလင်္ကာလွန်းပါးစပ်မှ စာမလုပ်ချင်သည့်စကားထွက်ကာ စိတ်ပျက်လက်ပျက်ထိုင်နေသောကြောင့်
ခွန်းမြတ်ထွဋ်အနည်းငယ် အံ့သြမိသွားသည် ။ အစက
သူပဲ စာမေးပွဲနီး၍ စာလုပ်ရအောင်ဆိုပြီး အိပ်နေသည့်
လူကိုအတင်းဆွဲခေါ်လာသည်မဟုတ်လား..." အဲ့တာဆို ကိုကိုကဘာလုပ်ချင်လို့လဲ ''
" မသိဘူးကွာ အခုလောလောဆယ်တော့ စာကလွဲရင်
အိမ်သာဆေးခိုင်းရင်တောင်ရတယ် ''" အမလေးကိုကိုရာ.... ဆောင်းတွင်းကြီးကို ညကြီးအိမ်သာတော့မဆေးလိုက်ပါနဲ့ စာမလုပ်ချင်ဘူးဆိုလည်း
မလုပ်ရုံပေါ့ဗျာ ကိုကို့သဘော ကိုကို့စိတ်ကြိုက် ''အနောက်ကသိုင်းဖက်ကာ ပုခုံးပေါ်ခေါင်းလာတင်သည့် ခွန်းမြတ်ထွဋ်မှပြောလာသည် ။
" အင်း....ဇာတ်ကားကြည့်ရအောင် ''
" အိုကေ ''
စားပွဲပေါ်မှ ကွန်ပျူတာသွားယူကာ ကုတင်ပေါ်သို့ချလိုက်သည် ။ Heater အားကုတင်ဘေး၌ချပြီးမှ ဂွမ်းစောင်များခြုံကာ ဇာတ်ကားကြည့်ရန်ပြင်လိုက်သည် ။ ကိုကို့နားသို့ ကပ်နိုင်သလောက်ကပ်ကာ လက်ချောင်း
လေးများကို ဆုပ်ကိုင်ထားလိုက်သည် ။ ချစ်ရသူကောင်လေးကတော့ ဇာတ်လမ်းရှာခြင်းအမှုဖြင့်အလုပ်ရှုပ်နေလို့ လှည့်တောင်မကြည့် ။ ခွန်းမြတ်ထွဋ်အနည်းငယ်
စိတ်ထင့်သွားကာ ဘေးသို့လှည့်ထားသည့် မျက်နှာအနှံ့အား ခပ်ဖွဖွအနမ်းပေးနေမိသည် ။" ဟိုခွေးကောင်လေး...ငြိမ်ငြိမ်နေလို့်မရဘူးလား ဒီမှာ
အဲ့ကားကို ဘယ် File ထဲသိမ်းမိမှန်းမသိပါဘူးဆိုနေမှ''မျက်မှောင်ကြုံ့ကာတတွတ်တွတ်ပြောနေသော ထိုကောင်လေးကိုကြည့်ပြီး အသံလေးထွက်အောင်တခစ်ခစ်ရယ်မိပြန်သည် ။ အဲ့လို့ပဲ သူ့ရဲ့အပြုအမူတိုင်းက ကိုယ့်အတွက် အရမ်းချစ်စရာကောင်းလွန်းနေတော့ သဘောမကျဘဲ မနေနိုင်တော့ ။
" ရက်စ် တွေ့ပြီ တွေ့ပြီ ကြည့်ရအောင် ''
" ဟမ်...ကိုကို အကြာကြီးရှာနေတဲ့ ဇာတ်ကားက Frozen 1 လို့တဲ့မပြောလိုက်နဲ့နော် ''
YOU ARE READING
The First Step Of Our Dreams