Episode (28)

2.3K 283 22
                                    

Zawgyi

"ငါတို့ ဘယ်သွားကြမလဲ''

ယနေ့ကိုယ့်အစီအစဉ်ဖြင့် လည်ရမည့်နေ့ဖြစ်သည့်အတွက် အလင်္ကာလွန်းတို့အုပ်စုမှ ဆွေးနွေးနေကြခြင်း
ဖြစ်သည် ။ မဆွေးနွေး၍လည်းမရတော့ အခြားအုပ်စု
များနှင့်ဆရာမများမှာအသီးသီးထွက်ခွာသွားကြပြီဖြစ်
သော်လည်း သူတို့အုပ်စုနှင့်ကျောင်းထိုင်ဘုန်းကြီးသာ
ကျန်တော့သည် ။

" မသိဘူးလေ ''

" တစ်ယောက်ယောက်များ သွားချင်တဲ့နေရာမရှိကြဘူး
လား နဂိုတည်းက အသုံးမကျတဲ့ကောင်တွေမှန်းသိပေမယ့် ဒီလောက်ထိဆိုးရလား ''

စိုင်းဇေယျာခမ်းမှ စိတ်ပျက်လက်ပြတ်ဖြင့်ရေရွတ်နေခြင်းဖြစ်သည် ။

" မင်းကကော ဘယ်သွားချင်လဲ ''

" မြို့အပြင်ဘက်က လယ်ကွင်းတွေမှာဓာတ်ပုံသွားရိုက်မလား ငါအလာတုန်းက တွေ့ခဲ့တာတော့အရမ်းလှတယ် ''

" အင်း မြူလေးအကြံကောင်းတယ် မင်းတို့နှစ်ယေညက်ရော ''

" ငါကဘယ်ဖြစ်ဖြစ် ရတယ် ခွန်းမြတ်ထွဋ်ကောအဆင်ပြေလား ''

" ကိုက်ို့သဘော ကိုကိုသွားချင်တဲ့နေရာသွား ''

ခွန်းမြတ်ထွဋ်မှ မျက်စိတစ်ဖက်မှိတ်ပြကာ ချစ်စရာကောင်းအောင် ချွဲ၍ပြောနေခြင်းဖြစ်သည် ။ ဘေးမှ စိုင်း
ဇေယျာခမ်းနှင့်သော်တာမြူ မှာမူ ရှုံ့မဲ့ကာစိတ်ပျက်ခြင်း
များစွာနှင့် ကြည့်နေကြသည် ။

" အဲ့တာဆို သွားကြတာပေါ့ ပြီးတော့ခွန်းမြတ်ထွဋ်....
  မင်းအဲ့လိုကြီးလုပ်နေမှ ဖြစ်မှာလား မျက်နှာကဖြတ်
  ရိုင်ချင်စရာကြီး ''

" ချစ်စရာကောင်းတာမဟုတ်ဘူးလား ဟင် ကိုကို ကိုကိုလို့ ''

ပါးတွေဖောင်း နှုတ်ခမ်းတွေထော်ကာ အလင်္ကာလွန်းအား ခွန်းမြတ်ထွဋ်မှလိုက်ကပ်၍မေးနေသည် ။

" မင်းတို့ကောင်တွေနဲ့ နေခဲ့မိတာ ငါ့ဘဝရဲ့တတိယအမှားပဲ ''

" ပြောစမ်းပါဦးငစိုင်းရာ ပထမအမှားနဲ့ဒုတိယအမှားလေးရော''

ဖုန်းကြည့်ကာရယ်နေသည့် သော်တာမြူ မှစကားဝင်ထောက်ခြင်း ။

The First Step Of Our DreamsWhere stories live. Discover now