Zawgyi
" သား ခွန်းမြတ်ထွဋ် ကိုသွားနှိုးလိုက်တော့လေ ညနေတောင်စောင်းနေပြီ ''
" ဟုတ်မေမေ ''
အောက်ထက်က အန်တီနှိုးခိုင်းနေတဲ့အသံကြားထဲကနိုးနေပေမယ့် ပေါက်စလာနိုးမယ်ဆိုတဲ့ အသိကြောင့် မျက်လုံးမှိတ်ကာ ဆက်အိပ်နေသလို ပုံစမ်းဖမ်းမိသည် ။
" ခွန်းမြတ်ထွဋ် ထတော့ မင်းနိုးနေတာ ငါသိတယ် ''
" ဟင်....ငါလား မနိုးပါဘူး ''
" အော်.....ဟုတ်လား ဟုတ်ပြီ ယုံလိုက်မယ်နော် ခွန်းလေး''
ပြုံးစစနဲ့ နှုတ်ခမ်းတစ်ဖက်ကိုတွန့်ကွေးရုံမျှပြုံးပြီး ခွန်းလေးလို့ ခေါ်လိုက်တာဆိုတော့ နေ့လည်ကအမှားတစ်ခုခုလုပ်လိုက်မိပြီဆိုတာ ပေါက်စမပြောလည်း သိသွားတာမို့လို့ တံတွေးမျိုချမိသွားသည် ။
" ဂလု ''
" အလင်္ကာ သူငယ်ချင်းကိုသွားနှိုးရင် နင်ပါဝင်အိပ်နေတာလား ထမင်းစားမယ် ဆိုမှပဲ ''
" ဟုတ်လာပြီ မေမေ ''
အောက်ထပ်စားပွဲဝိုင်းတွင် ဟင်းများကစုံလင်လှသည်
ကျနော့်၏နေရာတွင် ကြက်သားဆန်ပြုတ်နွေးနွေးတစ်ခွက်ကို နံနံပင်နဲ့ စားချင်ဖွယ်ပြင်ဆင်ပေးထားပြီး ဘေးတွင် သံပုရာသီးစိပ်လေးများချပေးထားသည်ကို မြင်ရသောအခါ ရင်ထဲနွေးထွေးသွားလေသည် ။" ဟင် မေမေ သားလည်းကြက်သားဆန်ပြုတ် စားချင်တယ် ''
" စားချင်လည်း မရှိဘူး တစ်ခွက်ပဲပြုတ်ထားတာ လျှာမရှည်နဲ့ ထမင်းပဲစား ''
" မဟုတ်ဘူး...သားလည်းဖျားချင်နေသလိုပဲ ခေါင်းကိုက်လို့ ''
လိုချင်တာမရ၍ မူယာမာယာသုံးကာ နှုတ်ခမ်းတထော်ထော်နဲ့ ဂျီတိုက်နေတာက ကလေးတစ်ယောက်
သဖွယ် ။" ခေါင်းကိုက်မှာပေါ့ တနေကုန် ဖုန်းပဲကြည့်နေတာမလား ''
ငင့်...
" ဟာမဟုတ်ပါဘူး ထမင်းပဲစားတော့မယ် ''
ထမင်းစားရင်း ကျွန်တော့်ကိုလည်း မျက်စောင်းတထိုးထိုးနဲ့ လှမ်းကြည့်နေလေရဲ့ ။
YOU ARE READING
The First Step Of Our Dreams