Zawgyi
သုံးရက်ခရီးတိုဖြစ်ပြီး ပထမနေ့ကို ကန်တော်ကြီးဥယျာဉ်နှင့်မုန့်ဆိုင်များတွင်ကုန်ဆုံးပြီးသည့်နောက် ဒုတိယနေ့အား ပြည်ချစ်ဘုရားဖူးမြော်ရန်နှင့်
ဒီဇင်ဘာခြံသို့သွားရောက်လည်ပတ်ရန် ဘုန်းကြီးကျောင်းမှ ထွက်လာခဲ့ကြသည် ။ တတိယနေ့တွင်တော့ ကိုယ့်အဖွဲ့နှင့်ကိုယ် စိတ်ကြိုက်လည်ပတ်ခွင့်ရှိသည် ။" ဖိနပ်တွေချွတ်ပြီးကိုယ့်နေရာမှာကိုယ် ထားခဲ့ကြ ''
ဘုရားထဲသို့ဝင်ရန် ဖိနပ်များအားချွတ်ပြီး ကားပေါ်မှ
ဆင်းလာခဲ့သည် ။ ကားပေါ်မှဆင်းဆင်းချင်းစံပယ်ပန်း
ရောင်းနေသည့် ၇နှစ်အရွယ်ကောင်လေးအားမြင်သည့်
အခါ အလင်္ကာလွန်းမှဂရုဏာသက်စွာကြည့်နေသည် ။" ပန်းဝယ်ချင်လို့လား ကိုကို ''
" အင်း ၁၀၀၀ လောက်ပေး ''
ခွန်းမြတ်ထွဋ်မှ ခါးကြားနှိုက်ပြီး သူ့၏ Arrow တံဆိပ်
နီညိုရောင်ပိုက်ဆံအိတ်လေးအား အလင်္ကာလွန်းလက်
ထဲသို့ လာထည့်ပေးသည် ။" ကိုကို ကြိုက်သလိုသုံး ပိုက်ဆံအိတ်လည်း ကိုကိုပဲ
ယူထားလိုက် ''" အာ တော်ပါပြီ မင်းပဲယူထားပါ ''
" ဟိုဟာ အကိုတို့ပန်းဝယ်ဦးမှာလားဗျ ''
စံပယ်ပန်းကုံးများကိုင်ထားသည့် ကောင်လေးကစိတ်မရှည်တော့ဟန် ။ ထိုအခါမှ အလင်္ကာလွန်းလည်း
ခွန်းမြတ်ထွဋ်နှင့် ဆက်မငြင်းတော့ဘဲယူထားလိုက်ကာ
စံပယ်ပန်း ၁၀ ကုံးအားဝယ်ခဲ့လိုက်သည် ။" ကိုကို ဘာလို့ ၁၀ ကုံးတောင်ဝယ်ခဲ့တာလဲ ''
" မင်း ၅ ကုံး ငါ ၅ ကုံးလေ ပြီးတော့ပြောဦးမယ် အဲ့လို
ကြီးမခေါ်စမ်းပါနဲ့ ကြက်သီးတောင်ထတယ် ''" ဟင့်အင်း ခေါ်မှာပဲ ကိုကို ကိုကို ကိုကို ''
" မင်းအတွက်ပြောနေတာနော် မင်းရုပ်ကဖြင့်အိုကျိုးကြီး ငါကကလေးလေးကျနေတာပဲကို မင်းကငါ့ကို ကိုကိုလို့ခေါ်တော့ မင်းကိုကျပ်မပြည့်ဘူးထင်ကုန်မှာ
ပေါ့ ''" ငင့် ''
" တော်ပြီ တော်ပြီ လာဘုရားသွားဖူးရအောင် ''
YOU ARE READING
The First Step Of Our Dreams