သို့.....
အပိုင်း၃
"အား....ကျွတ်ကျွတ်... ကျွတ်.... "
ကိုက်လာတဲ့ ခေါင်းကအဆစ်ဆစ်နဲ့ပင်။ မျက်လုံးများ ဝေဝါးနေသည်။ နားထဲလေတိုးသံလို လမ်းလျှောက်သံလိုလို ကြားနေရသည်။ တစ်ချက်တစ်ချက် စကားပြောလိုက်သလို အသံတွေကို ကြားနေရသည်။ ခေါင်းကမတရားထိုးကိုက် လာတာကြောင့် ကုန်းထဖို့ပြင်လိုက်သည်။
ထိုချိန် ပုခုံးပေါ် ရောက်လာတဲ့ လက်တစ်စုံကြောင့် ဝေဝါးနေတဲ့ မျက်လုံးကို ပွတ်ကြည့်နေမိသည်။ ထိုစဥ် အသံတစ်ခုက နားထဲတိုးဝင်လာသည်။
"အိုး မင်းဆက်မထရင် ကောင်းမယ်...."
ဆက်မထရဘူး...ဘာလို့လဲ....ကျွန်တော်ဘာဖြစ်နေတာလဲ။ ကိုက်ခဲမှုတွေကော နာကျင်မှုတွေကော ခန္ဓာကိုယ်အနှံ့ ဟိုနေရာ ဒီနေရာမှာ စူးခနဲ နာကျင်နေသည်။ လစ်လပ်သောနေရာမရှိ။
"အား...နာတယ်...ခေါင်းလည်းကိုက်တယ်...."
"အဲ့ဒါကြောင့် မင်းကို ပြောတာပေါ့... အကိုက်ခဲပျောက်ဆေး သောက်လိုက်အုံး ဆေးထိုးတာတော့ မလိုတော့ဘူး ကိုက်ခဲပျောက်ထိုးဆေးတွေက ချွေတာရမယ်လေ....."
"အင်းးး...."
သူပြောတာတွေကို သေချာမကြားရ။ ကျွန်တော့်ရဲ့ အာရုံတွေသည် နာကျင်လာသော ရင်အုံပိုင်းကိုသာ အာရုံရောက်နေမိသည်။စကားပြောနေတဲ့လူက မိမိ အနားကထွက်သွားသည်။
မျက်လုံးကို စုံမှိတ်ကာ အံကိုတင်းကာကျိတ်လိုက်သည်။ ထိုင်နေရင်း မျက်လုံးနှစ်ဖက်ကို လက်ဖမိုးနှစ်ဖက်နဲ့ ဖိကပ်လိုက်ကာ ခပ်တင်းတင်း ပွတ်လိုက်သည်။
မြင်ကွင်းသည် အနည်းငယ် ကြည်လင်လာသည်။ ထိုလူက ပြန်လာပြီး သူ့ရဲ့ခေါင်းကိုငုံကာ မိမိရင်ဘက်က ပတ်တီးကိုကြည့်နေသည်။ ကျွန်တော့်မျက်လုံးရှေ့ ဗန်းတစ်ခုကို ထိုးပေးလာသည်။ ထိုဗန်းထဲမှာ ဆေးသုံးလုံးရယ် ရေတစ်ခွက်ရယ်ပါသည်။ထိုလူသည် အရပ်ရှည်သည်။ ကြည့်ကောင်းသည်ဆိုရမည်။ အဖြူကုတ်တစ်ခုလည်းထပ်ဝတ်ထားသည်။
ဆေးသောက်ဖို့ပေးတယ်ဆိုတာ မပြောလဲ သိလိုက်မိသည်။ ထို့ကြောင့် ဆေးကိုယူကာ ရေခွက်ကိုကိုင်ပြီး အမြန်ဆေးကိုရေနဲ့အတူ မော့ချလိုက်ရသည်။
YOU ARE READING
သို့....(completed)
General Fictionမထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယောက်ရောက်လာပြီး မချစ်တတ်သော အဖြူရောင် အောက်ခံစာရွက်လေးအား အချစ်တို့ဖြင့် ဆေးခြယ်လိုက်သည်။ ဆေးမှားသွား...