သို့.....
အပိုင်း၁၈
ဝေလင်းစိုး(လွန်းအတိတ်)
ဆေးရုံပေါ်မှာ သုံးရက်ရှိနေပေမယ့် ဝေလင်းစိုး ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ယခုအချိန်ထိမချနိုင်သေးပါ။ ဒီလူတွေနဲ့ လက်တွဲလို့ကော အဆင်ပြေပေါ့မလား တွေးပူနေမိသည်။
Skyဆိုတဲ့ လူကြီးက သူ့မျက်နာကို ဘယ်သူ့ကိုမှ အမြင်မခံ။ အရင်မှောင်လိုအလုပ်တွေလုပ်ရင်း ဒီလူကြီး အကြောင်းကို ရှာဖွေကြည့်ပေမယ့်Skyဆိုတဲ့ နာမည်ကလွဲလို့ ဘာမှရှာမတွေ့ခဲ့ပါ။ သူဘယ်သူဆိုတာလဲ ဘယ်သူမှမသိသလို ရုပ်ကိုလည်း ဘယ်သူ့မှ မမြင်ဖူးကျပါ။ ယခုအခြေအနေမှာ ဝေလင်းစိုး Skyအား မြင်ဖူးပြီးပြီ ဖြစ်သည်။
ဝေလင်းစိုး သူသာBlue အဖြစ်နေထိုင်ဖို့ သဘောမတူခဲ့ဘူးဆိုရင် Skyကို မြင်ဖူးပြီး ဖြစ်တဲ့ သူအား ဒီတိုင်းပြန်မလွတ်နိုင်ဘူးဆိုတာလည်း သိနေသည်။ မိမိကိုယ်တိုင်ကလည်း ရန်သူတော်ဖြစ်သွားရတဲ့ သူငယ်ချင်းဖြစ်သူကို လက်စားချေချင်နေပြီမို့ သဘောတူချင်လာရသည်။ Skyက မှောင်လိုလုပ်ငန်းမလုပ်ပဲ ဘာလို့ သူ့မျက်နာကို အမြင်မခံတာလဲ သူနားမလည်နိုင်သလို ဖြစ်ရသည်။ဘာပဲဖြစ်ဖြစ်သူလက်စားချေရမည်လို့ စိတ်ပိုင်းဖြတ်လိုက်သည်။
ဟုတ်တယ်...Blueအဖြစ်ရှင်သန်မယ် ပြီးရင် အဖေနဲ့ညီလေးအတွက် ပြန်ပေးဆပ်ခိုင်းမယ်။ ငါ့ကို သစ္စာဖောက်တဲ့ အတွက် ကကျော်ဖြိုးဝင်း ဒုက္ခကောင်းကောင်း တွေ့စေရမယ်....မင်းငါ့ကို စောင့်နေပါ ကျော်ဖြိုးဝင်း...ပြီးတော့ ဦးဇင်းမောင်။ ခဗျားတို့အတွက် သေမင်းဆိုတာ ကျုပ်ပဲ ဖြစ်စေရမယ်။
ဝေလင်းစိုး စိတ်ကို ဆုံးဖြတ်လိုက်ပြီးပြီ ထဖြစ်သည်။ မိမိကုတင်ဘေးမှာ အသီးလှီးနေတဲ့ လူကိုစိုက်ကြည့်နေမိသည်။ ရုပ်ကလည်း အီ့တီရုပ်နဲ့ပါလား။ ထိုအီတီကို Skyက မိမိအတွက် နောက်လိုက်တစ်ယောက် အဖြစ် ထားပေးထားခြင်း ဖြစ်သည်။ ထို့ကြောင့် အီတီက မိမိဘေးမှာ တစ်ချိန်လုံးရှိနေတော့သည်။
"ပန်းသီးစားလို့ရပြီ ဆရာ......"
အီ့တီပေးတဲ့ ပန်းသီးဆိတ်ထိုးထားတဲ့ ခရင်းကို လှမ်းယူကာ စားလိုက်သည်။ညပန်းသီးချိုသားဟု မှတ်ချက်ပေးလိုက်မိသည်။ ဝေလင်းစိုး သက်ပြင်းချလိုက်မိသည်။ ဒါကိုအရိပ်အခြည်သိတဲ့ အီတီက
YOU ARE READING
သို့....(completed)
General Fictionမထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယောက်ရောက်လာပြီး မချစ်တတ်သော အဖြူရောင် အောက်ခံစာရွက်လေးအား အချစ်တို့ဖြင့် ဆေးခြယ်လိုက်သည်။ ဆေးမှားသွား...