သို့......
အပိုင်း၁၂
"လွန်းလေးရေ.....လွန်းလေး.....လွန်းလေးရေ....."
လွန်းအတိတ် အိမ်ထဲမှာ အမေ့ကိုဆေးတိုက်နေတုံး အိမ်ခြံဝန်းထဲက ခေါ်သံကြားလိုက်ရသည်။ အမေ့ကို ဆေးတိုက်ပြီး ခနထားခဲ့ကာ အိမ်ရှေ့သို့ထွက်လာခဲ့သည်။ အိမ်ပေါက်ဝနားသို့ထွက်လာကာ အိမ်နဲ့ကွတ်ပျစ်နဲ့ ဆက်ထားသော နေရာ မှာထိုင်နေတဲ့ ဆရာဝန်တိမ်တိုက်ကို တွေ့လိုက်ရသည်။
တိမ်တိုက်အနားမှာ လွန်းအတိတ်ဝင်ထိုင်လိုက်တော့ တိမ်တိုက်မော့ကြည့်လာသည်။
ပြီးနောက်"ကော ကိုယ်လွန်းကြီးပဲ...လွန်းလေးကောဗျ...."
"လွန်းလေးက ရွာထဲခနသွားတယ်ဆရာလေး...."
"အော် ဟုတ်ကဲ့...."
လွန်းအတိတ် ဆရာဝန်လေးတိမ်တိုက်ကိုကြည့်ကာ အကဲခက်လိုက်တော့ ဟိုတလောက ကိစ္စကို မေ့နေဟန်ရှိသည် ။ မေ့လိုက်တာ ဖြစ်နိုင်သည် ။ သွားတောင်းပန်ရမယ် သွားတောင်းပန်ရမယ်နဲ့ လွန်းအတိတ် ဆရာဝန်လေးတိမ်တိုက် ရှိရာဆေးခန်းသို့ လမ်းကြောင်းမသင့်တော့ မသွားဖြစ် ။ ခုလိုအိမ်ရောက်လာမှတော့ မထူးတော့ပါ ကိုယ်တိုင်ကသူ့ကို အထင်လွဲပြီး ထိုးမိထားတာလေ။ပြန်တောင်းပန်ရမှာ အနည်းငယ်တော့ အောက်ကျပေမယ့် ကိုယ့်အမှားကိုယ်ဝန်ခံတောင်းပန်တာက လုပ်သင့်တာပဲဖြစ်သည်။
"တောင်းပန်ပါတယ်ဆရာလေး...ဟိုတလောက ထိုးမိလို့ပါ.... "
"ရပါတယ် ကိုလွန်းကြီး နောက်တစ်နေ့လွန်းလေး လာရှင်းပြသွားပါတယ်ဗျ.... ကိစ္စမရှိပါဘူးဗျာ ကျွန်တော်စိတ်ထဲမထားပါဘူး..... "
လွန်းလေးက ဒီဆရာလေးဆေးခန်းကို ဘာလို့ခနခနသွားနေတာလဲ မသိဘူး။ ဒီဆရာလေးကို သဘောကျနေလို့များလား ။မဟုတ်လောက်ပါဘူး ။ ဟုတ်ချင်လည်းဟုတ် မှာပဲလေ ဆရာဝန်လေးက ချောတာကို ။ လွန်းအတိတ် စိတ်ထဲ မနာလိုမူ့ သိမ်ငယ်မူ့တွေရောက်ရှိလာတော့ စိတ်မကောင်းဖြစ်နေရတော့သည် ။
"ဟို ဒေါ်လေး သက်သာရဲ့လားဗျ...."
အမေအခြေအနေ မေးလာတာကြောင့် လွန်းအတိတ် ပျက်သွားတဲ့ မျက်နာကို ပြန်ပြင်လိုက်ပြီး
![](https://img.wattpad.com/cover/237492083-288-k776978.jpg)
BINABASA MO ANG
သို့....(completed)
General Fictionမထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယောက်ရောက်လာပြီး မချစ်တတ်သော အဖြူရောင် အောက်ခံစာရွက်လေးအား အချစ်တို့ဖြင့် ဆေးခြယ်လိုက်သည်။ ဆေးမှားသွား...