သို့.....
အပိုင်း၁၆
လွန်းသာ ကိုကိုနဲ့အမေ ပြန်လာတော့ဖြစ်တာကြောင့် ညစာစားဖို့ ချက်ပြုတိနေရတော့သည်။ သီချင်းလေးတညည်း ညည်းနဲ့ သီဆိုနေတာကာ ဟင်းကိုချက်ပြုတ်နေမိသည်။
" ငွေဇင်ယော တောင်တံတိုင်း ပိုင်းခြားထားစမ်းပါ....ချစ်သူအတွက်ဆို အပြေးလာခဲ့မယ်...."
အဆိုရှင်ကြီး တက္ကသိုလ်လတ်လတ်ရဲ့ သီချင်းကို အသံကုန်ဟစ်ကာ လှီးဖြတ်သင့်သော အသားငါးတို့ကို ခုတ်ထစ်နေရမိသည်။ ဟင်းတွေချက်ပြုတ်ပြီးတော့လည်း စားပွဲမှာ ပြင်ဆင်နေရင်းဖြင့် နောက်သီချင်းတစ်ပုဒ်ကို ဟစ်ကြွေးနေမိတော့ပြန်သည်။
"မောင်ပြန်လာရင် အဆင်သင့်စားဖို့ရယ် ချက်ပြုတ်ထားတာ ဖွယ်ဖွယ်ရာရာ များလှတယ်....အယ့်....မောင်တဲ့....ခ်ခ်ခ်...."
မောင်တဲ့....တစ်ယောက်တည်းတွေးရင်းလွန်းသာ မောင်ဆိုသော နာမ်စားကို အူယားနေမိတော့သည်။ မောင်လို့ခေါ်ဖို့လည်း မိမိမှာ မိန်းမမဟုတ် ယောက်ကျားလေးသာ ဖြစ်သည်။ ခေါ်လို့ရရင်လည်း ချစ်သူတွေမှ မဖြစ်သေးတာ ဘယ်လိုခေါ်မတုံး။ လွန်းသာနဲ့ လွန်းအတိတ်အဖြစ်ဟာ တစ်ဦးပေါ်တစ်ဦး မေတ္တာသက်ဝင်နေတာ သိကျပါလျက် ဖွင့်ပြောပြကျတဲ့ အနေအထားဖြစ်နေကျသည်။
လွန်းသာ ပစ္စည်းတွေသိမ်းရင်း ဖန်ခွက်တစ်ခွက်ကို လက်နဲ့တိုက်မိသွားခဲ့သည်။
"ခွမ်းးးး..."
"အမေ့...."
ဖန်ခွက်ကျကွဲတဲ့ အသံက လွန်းသာအတွက် မိုးခြိမ်းသံလို ကျယ်လှောင်သွားကာ နားစည်ပင် ပွင့်မတတ် ဖြစ်သွားရရသည်။ ရင်တွေလည်း အဆမတန်ခုန်နေကာ မောဟိုက်လာရတော့သည်။
"မောလိုက်တာ...ငါ့နှယ့်... ဖန်ခွက်ကွဲတာ... အဲ့လောက်လန့်စရာလား..."
လွန်းသာ မိမိရင်ဘက်ကို မိမိဖိရင်း နားနေကာ မိမိအိပ်ခန်းထဲသို့ ဝင်လာခဲ့သည်။ ခေါင်းအုံးအောက်က ကိုကိုအတွက်ရည်ရွယ်တဲ့စာရယ် အမေ့အတွက်ရည်ရွယ်တဲ့ စာပွဲပေါ်ကစာရယ် နှစ်ခုလုံးကို ကိုင်လိုက်ကာရင်ဝယ်ပိုက်ရင်း ပြုံးနေမိသည်။
YOU ARE READING
သို့....(completed)
General Fictionမထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယောက်ရောက်လာပြီး မချစ်တတ်သော အဖြူရောင် အောက်ခံစာရွက်လေးအား အချစ်တို့ဖြင့် ဆေးခြယ်လိုက်သည်။ ဆေးမှားသွား...