Part-19

2.8K 193 2
                                    

သို့.....

အပိုင်း၁၉

ကားအနက်ကလေးပေါ်ကနေ Mashတပ်ထားသောလူတစ်ယောက်ဟာ ဖြည်းညှင်းစွာ ကားတံခါးဖွင့်ပြီး ဆင်းလာခဲ့သည်။ သူဟာ နှစ်ထပ်တိုက်လေးကို အချိန်အကြာကြီး ငေးစိုက်ကြည့်နေမိသည်။ ထိုတိုက်လေးထဲတွင် သူ့အတွက်ငယ်ရွယ်စဥ်နဲ့ အတိတ်ဘဝအချိန်တွေတုံးက ပျော်စရာလေးတွေများပြားခဲ့ရသည်။ ယခုချိန်တော့ လူသူကင်းမဲ့ကာ တိတ်ဆိတ်ငြိမ်သက်နေတော့သည်။

အိမ်လေးကို ငေးရဲ့လူရဲ့ မျက်ဝန်းအိမ်မှာ မျက်ရည်စတို့ ရစ်ဝဲဖွဲ့သီနေသည်။ အိမ်လေးကိုကြည့်ရင်း ပျော်ရွှင်စရာ အတိတ်အချိန်တို့ကို ပြန်လည်ရောက်ရှိသွားရသည်။

"ကိုစိုး....သားကိုလိုက်ဖမ်း....."

ငါးနှစ်အရွယ်ကလေးတစ်ယောက်က ချစ်စကာအသံစာစာလေးနဲ့ လှမ်စပြောနေသည်။ဒါကို ပြုံးပြီးကြည့်နေတဲ့၁၃နှစ်အရွယ် ကောင်လေး။

"ဇွဲလေး မပြေးရဘူးလေ အရင်တစ်ခါကလို ချောလဲ မယ်....."

ကောင်လေးက ချော့မော့ပြောတော့ ကလေးငယ်လေးက မျက်နာလေးဆူပုတ်သွားကာ မျက်စောင်းသေးသေးလေးနဲ့ လှမ်းထိုးရှာသည်။ ဒါကိုမြင်တော့ ကောင်လေးက ကလေးလေးအနားသွားကာ ကလေးလေးရဲ့ ခေါင်းကိုပွတ်ရင်း ဖောင်းနေတဲ့ ပါးပြင်လေးကို အသဲတယားညစ်ဆွဲလိုက်သည်။ ထို့နောက် ကောင်လေးက ကလေးလေးရှေ့ ကျောပေးကာ မုတ်ဆိုးဒူးထောက်ထိုင်လိုက်ကာ

"စိတ်မဆိုးနဲ့ ကိုစိုး ဇွဲလေးကို ကုန်းပိုးပြီး ပြေးဆော့မယ်....."

ကောင်လေးအပြောကြောင့် ပျော်သွားတဲ့ ကလေးလေးဟာ ကောင်လေးရဲ့ လည်ပင်းကို သူ့လက်သေးသေးလေးတွေနဲ့ ရစ်ပတ်လာခဲ့သည်။ ကောင်းရဲ့ခါးကိုလည်း ဖောင်းဖောင်းအိအိခြေထောက် သေးသေးလေးနဲ့ ချိတ်တွယ်လာခဲ့သည်။ ပြီးနောက် စိုးရိမ်သောလေနဲ့လေးနဲ့လည်း ချွဲကာဆိုလာပြန်သေးသည်။

"ကိုစိုးက သားကိုကုန်းပိုးပြီး ပြေးဆော့တော့ ကိုစိုးချောလဲမှာပေါ့...."

"လဲပါစေ.....ကိုစိုးက ခံနိုင်ရည်ရှိတယ်.... ဟော့ဒီက ဇွဲလေးသာ ဘာမှမဖြစ်ရင်ပြီးရော....."

သို့....(completed)Where stories live. Discover now