အပိုင်း၄၇
လွန်းသာ
ကိုကိုနဲ့အတူထိုင်ကာ စကားတွေအများကြီး ပြောနေမိသည်။ ကိုက်ို့ရဲ့ ခန့်ညားလှတဲ့ မျက်နာကြီးကို အနီးကပ်မြင်နေရတာကို သဘောကျမိသည်။ ကိုကိုက အခက်အခဲတွေကြားတဲ့က မိမိအားလက်တွဲခဲ့သည်။ ထို့အတွက်လည်း လွန်းသာ ကိုကို့ကိုကျေးဇူးတင်သည်။ အလုပ်ဆင်းချိန်ရောက်ပြီးမို့ ပစ္စည်းတွေကို သိမ်းဆည်းနေမိသည်ယ ကျန်တဲ့ဝန်ထမ်းတွေက ကိုယ့်ထက်မြန်လွန်းတဲ့လူတွေပါ အလုပ်ဆင်းသွားကျတာများ တစ်မျှမကျန်တော့ပါ။ လွယ်အိတ်လေးကောက်လွယ်ကာ ထွက်လာတုံး တံခါးအနားအရောက် နောက်ကဖတ်တွယ်လိုက်တဲ့ လက်တစ်စုံကြောင့် လူကတွန့်ခနဲဖြစ်သွားရသည်။
သို့ပေမယ့် နာခေါင်းထဲရလာတဲ့ ရေမွှးေနံတစ်ခုကြောင့် ဘယ်သူလဲဆိုတာသိလိုက်ရသည်။ ထို့ကြောင့် ရုန်းကန်ခြင်းမပြုပဲ ငြိမ်နေလိုက်မိသည်။ ခါးကိုတင်းကျပ်စွာဖတ်တွယ်လာပြီး နောက်ကျောပေါ် ခေါင်းမှီတင်လာတဲ့ ကိုကို။ သက်ပြင်းချလိုက် သံကိုလွန်းသာကြားဖြစ်အောင် ကြားလိုက်ရသေးသည်။
"ဘာဖြစ်နေတာလဲကိုကို စိတ်ညစ်စရာရှိလို့လား အလုပ်ပင်ပန်းလို့လား...."
"အင်းပင်ပန်းတယ် အရမ်းကိုပင်ပန်းလွန်းလို့ပါ...."
ပင်ပန်းတယ်တဲ့...ကိုကိုတစ်ခါမှ ထိုသို့မဆိုဖူး။ ဘာတွေပများ ကိုကိုအတွက် ပင်ပန်းတယ်လို့ညည်းညူရလောက်တဲ့အထိ ဖြစ်စေတာလဲ လွန်းသာသိချင်မိသည်။
"ကိုကို..."
"အင်း..."
ကျောကိုမျက်နာလေးမှီရကလေ ပုခုံးပေါ်မေးလေးပြောင်းတင်လာတော့ ကိုကိုရဲ့ဂင်သက်ထွက်သက်တို့ဟာ လွန်းသာရဲ့လည်ပင်းကိုရိုက်ခတ်လာသည်။
ကိုကို့ထူးသံဟာ တိုးညှင်းလှသည်။"စိတ်ညစ်စရာရှိရင် လွန်းကိုပြောပြပါ တစ်ယောက်တည်း ကျိတ်မခံစားပါနဲ့...."
"အင်းပါ အလုပ်များသွားလို့ပါ...."
လွန်းသာ မိမိခါးထက်မှ ကိုကိုလက်ကိုဖြုတ်လိုက်ကာ ကိုကိုနဲ့မျက်နာချင်းဆိုင်ရပ်လိုက်သည်။ ကိုကိုမျက်ဝန်းတို့ကို စူးစိုက်ကြည့်ရင်း
YOU ARE READING
သို့....(completed)
General Fictionမထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယောက်ရောက်လာပြီး မချစ်တတ်သော အဖြူရောင် အောက်ခံစာရွက်လေးအား အချစ်တို့ဖြင့် ဆေးခြယ်လိုက်သည်။ ဆေးမှားသွား...