Part-39

2.8K 185 6
                                    

သို့....

အပိုင်း ၃၉

အနောက်တိုင်းဝတ်စုံအပြည့်နဲ့ လူတစ်ယောက်ဟာ နေအိမ်ရဲ့ စာကြည့်ခန်းတစ်ခုမှ စားပွဲရှေ့ထိုင်ခုံကို ကျောမှီကာ ထိုင်နေသည်။ ကျောပေးတဲ့လူရဲ့ မျက်နာနားက အငွေ့တစ်ချို့သည် လေနဲ့အတူ အပေါ်သို့ လွင့်ပါသွားကျသည်။

"ဆရာ....ပစ္စည်းရောက်ပါပြီ...."

အသံတစ်ခုကြောင့် ထိုအမျိုးသားဟာ ကျောပေးရာမှ ထိုင်ခုံကိုလှည့်လာသည်။ ထိုအမျိုးသားရဲ့မျက်နာမှာ အေးစက်သော မျက်နာထားရှိနေသည်။ ထိုအမျိုးသားသည်ကား ကျော်ဖြိုးဝင်း ဖြစ်သည်။

ကျော်ဖြိုးဝင်းသူ့ရှေ့ကစားပွဲပေါ်က တပည့်ဖြစ်သူထားသွားတဲ့ ပစ္စည်းထုတ်ကို အကြည့်ရောက်သွားသည်။ ဖွာလက်စ ဆေးလိပ်ကို ပြာခွက်ထဲ ဖိချေလိုက်သည်။ ထို့နောက် စာအိတ်ကြီးကြီးနဲ့ ထုတ်ပိုးထားပစ္စည်းထုတ်ငယ်ကို ဖောက်လိုက်သည်။ ထွက်လာတဲ့ ဓာတ်ပုံတွေကြောင့် မျက်ခုံးကိုပင့်လိုက်မိသည်။ ပြီးနောက် ဖုန်းကိုထုတ်ကာ

"အေး ဓာတ်ပုံတွေအတွက် ကျေးဇူးပဲ မင်းကကြိုးစားပြီး ရိုက်ထားရှာတာပဲ....."

"..."

"ဒါပေါ့ ဆုကြေးငွေက ပေးရမှာပေါ့ကွ...."

"..."

တစ်ဖက်ကဖုန်းချသွားမှ ကျော်ဖြိုးဝင်း ပုံတွေကို ကြည့်လိုက်မိသည်။ ကောင်လေးနှစ်ယောက်ရဲ့ အနီးကပ်ဆုံးပုံတွေဖြစ်သည်။ တိတိကျကျပြောရရင် Blueနဲ့လွန်းသာတို့ရဲ့ ပုံများဖြစ်သည်။

"အော် Blue Blue မင်းကပြန်ပေါ်လာတာ အေးဆေးမှမနေတာကိုးးးး....မင်းတို့ဘက်က ငါလူတွေကို ဂျေးထဲရောက်အောင် လုပ်လိုက်တာပဲ အဲ့အတွက်ပြန်ပေးဆပ်ရမယ်ကွ..."

Blueနဲ့လွန်းသာတို့ ဧရာဝတီဘက်မှာ မှောင်ခိုလုပ်နေတာကို ရဲတိုင်လိုက်သည့် ဖြစ်စဥ်ကို ကျော်ဖြိုးဝင်း တရားခံဟာ Blueဆိုတာသိလိုက်ရလို့ဖြစ်သည်။ ထို့ကြောင့် Blueဆိုတဲ့ သူငယ်နှပ်စားလေးကို ပညာပေးရန် ပြင်ဆင်နေမိခြင်း ဖြစ်သည်။

"Blueမင်းက အရင်ကောအခုပါ ကောင်လေးတွေပဲကြိုက်တာကိုးကွ...ဒီလိုမှန်းသိရင် ငါမင်းအတွက် ကောင်လေးထက်ရှာ ပေးမှာပေါ့ကွ.....ဟားးးးး...."

သို့....(completed)Where stories live. Discover now