Part-50

4K 175 0
                                    

သို့....

အပိုင်း၅၀

Blue ချစ်ရသူလေးကို နူတ်ဆက်က ကားကိုဆေးရုံသို့အရင်မောင်းခိုင်းလိုက်ရသည်။ ဆေးရုံကဆင်းတာနဲ့ တပည့်ဖြစ်သူ အိတီကို လိုအပ်တဲ့စာရွက်စာတမ်းတွေ သက်သေတွေနဲ့အတူ မြို့နယ်ရဲစခန်းကို အမြန်လွှတ်လိုက်ရသည်။

ဖြစ်နိုင်ရင် ဒီနေ့ချက်ချင်းပဲ ဖမ်းဝရမ်းရရင်ကောင်းမည်။ဆေးရုံပေါ်တတ်လာပြီး ယုကေကို ရှိမယ့်အခန်းသို့ ဦးတည်ဝင်လာလိုက်သည်။ ယုကေကိုကို ကုတင်ပေါ်မှာထိုင်နေတာတွေ့လိုက်ရသည်။ ငေးငိုက်ကာထိုင်နေတာကြောင့် ဒီမိန်းကလေးကို ခေါ်သွားလို့ဖြစ်ပေါ့မလားလို့ အတွေးဝင်လာစေသည်။

"ယုကေကို...."

အသံကြားတာနဲ့ ယုကေကိုသည် Blueရှိရာသို့ စောင့်ငဲ့ကြည့်လာသည်။ Blueကိုမြင်မှ မျက်လုံးအရောင်သည်လတ်သွားသည်ကို Blueမြင်မိလိုက်သည်။ သူမရှေ့ကခုံမှာဝင်ထိုင်လိုက်ပြီး

"မနေ့လိုက်ဖို့ ဖုန်းဆက်ထားတယ် မင်းတကယ်လိုက်ဖို့ အဆင်ကောပြေရဲ့လား...."

"ပြေတယ်...ကျွန်မအဆင်ပြေတယ် ကျွန်မလိုက်မယ်အကိုBlue..."

Blueသူမအသံကို ကြားတော့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ကို ချပြီးပြီဆိုတာ သိလိုက်ရသည်။ Blueမသိလိုက်တာကတော့ သူမစိတ်ထဲကချတဲ့ ဆုံးဖြတ်ချက်ကိုပါပဲ။

ယုကေကိုကို ဘောင်းဘီနဲ့အနောက်တိုင်းယောက်ကျားလေးတစ်ယောက် ပုံစံသာဆင်ပေးလိုက်သည်။ ဟိုရောက်ရင် ဘာတွေဖြစ်မယ်ဆိုတာ ဘုရားသာအသိဆုံးမို့ ပေါ့ပါးစေမယ်ထင်တဲ့ ဝတ်ဆုံသာဆင်ဖြစ်သည်။

တပည့်သုံးယောက်က နောက်ကသက်သက်တစ်ကား မိမိရယ်ယုကေကိုရယ် နောက်ထပ်တပည့်တစ်ယောက်ရယ်က တစ်ကားစီ ကျော်ဖြိုးဝင်းနေထိုင်ရာ အိမ်သို့မောင်းနှင်လာခဲ့ကျသည်။

အိမ်ကြီးကိုတစ်ချက်ကြည့်လိုက်တော့ သူ့သူငယ်ချင်းအရင်ကထက်စာရင်တော့ အများကြီးချမ်းသာလာတာပဲလို့ ကောက်ချက်ချလိုက်မိသည်။

ခြံတံခါးကို ဟွန်းသံပေးလိုက်တာကြောင့် ခနအတွင်းပွင့်လာခဲ့သည်။ မီးရောင်စုံတွေနဲ့ ပွဲအခမ်းအနားကြီးဟာ သိပ်ကိုလှပလွန်းလှသည်။ လူအတော်များများကိုလည်း မြင်တွေ့နေရလို့ဖြစ်သည်။ ယုကေကိုရဲ့လက်ကို မိမိလက်မောင်းပေါ်ချိတ်တင်စေပြီး အခမ်းအနားထဲဝင်လာခဲ့လိုက်သည်။

သို့....(completed)Where stories live. Discover now