သို့......
အပိုင်း၆
"သားရေလွန်းလေး....."
"ဗျာ....ဗျ...."
"အမယ် ငါ့များစိတ်မရှည်တဲ့ လေသံနဲ့ ပြန်ထူးနေတယ် သွား..... ရွာကျောင်းက ဆရာမလေး နှင်းနှက မနေ့က မှိုဟင်းလေးချက်ပေးပါဆိုပြီး ငါ့ကိုပေးထားခဲ့တာ ခုချက်ပြီးပြီ သွားပို့စမ်း.... "
"ဟာ အမေကလည်းဗျာ....တစ်ရက်တစ်လေလေး...... လယ်ထဲမဆင်းရလို့ နားရတာကို ခိုင်းပဲခိုင်းနေတာပဲ..... "
လွန်းသာနဲ့ လွန်းအတိတ်မှာ တစ်ခန်းထဲအတူအိပ်ကျရသည်။ လွန်းအတိတ် အိပ်နေတုံး အခန်းထဲက လွန်းသာနဲ့ ဒေါ်မိထက်တို့ တစ်ယောက်တစ်ခွန်း စကားပြောသံတွေကြောင့် နိုးလာရသည်။
"အမေ သားသွားလိုက်မယ်လေ လွန်းလေးနားပါစေပေါ့ဗျ....."
"အယ်မဖြစ်ဘူး..... သားအတိတ်က ရွာကျောင်းမှ မရောက်ဖူးတာ.... "
ဟုတ်သည် ခုမှ ရွာမှာနေတာ တစ်ပတ်ကျော်လို့ နှစ်ရက်သုံးရက်ပဲ စွန်းသေးသည်။ ရွာကျောင်းဘက်အကြောင်းမတိုက်ဆိုင်လို့ ရောက်ကိုမရောက်ဖြစ်ပါ။
လွန်းလေးကို ကြည့်လိုက်တော့လည်း စိတ်ဆိုးတိုင်း ထော်တတ်လာတဲ့ နူတ်ခမ်းရဲရဲဖြင့် စိတ်ဆိုးနေသည်။ ထိုညီငယ်လေးအပြုအမူတွေဟာ လွန်းအတိတ်အတွက်တော့ စိတ်ဆိုးတာကအစ အူယားပြီး ချစ်ဖို့ကောင်းလွန်းသည်။
လွန်းအတိတ် လွန်းသာရဲ့ခေါင်းလေးကို မိမိလက်နဲ့ပွတ်လိုက်ကာ
"လာပါ လမ်းမလျှောက်ချင်ရင် ကိုကိုကုန်းပိုးမယ်လေ...."
လွန်းသာ မျက်လုံးလေး အနည်းငယ်ပြူးကာ အံသြမိသွားသည်။ ထိုသို့ဖြစ်ရခြင်းသည် လွန်းအတိတ်ရဲ့ သူ့ကိုယ်သူ ကိုကိုလို့ နာမ်စားသုံးလိုက်ခြင်းကြောင့်ဖြစ်သည်။
မိမိလို့ အံအားသင့်မိသည်က မိမိသည် ထိုကိုကိုဆိုသော နာမ်စားကို သဘောကျသလိုဖြစ်မိခြင်းကြောင့် လွန်းအတိတ်စကားကိုအံသြခြင်းထက် မိမိစိတ်ထဲ ဖြစ်ပေါ်လာတဲ့ ခံစားမူ့ကို လွန်းသာ ပို၍အံသြနေရသည်။
YOU ARE READING
သို့....(completed)
General Fictionမထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယောက်ရောက်လာပြီး မချစ်တတ်သော အဖြူရောင် အောက်ခံစာရွက်လေးအား အချစ်တို့ဖြင့် ဆေးခြယ်လိုက်သည်။ ဆေးမှားသွား...