သို့......
အပိုင်း၄
ဆေးရုံကနေ ထိုလူကိုခေါ်လာရသည်။ အတိတ်မေ့နေတာကြောင့် သနားမိသည်။လောလောဆယ်နေစရာမရှိတာက တကြောင်း အမေကလည်း အတင်းကို ခေါ်လာပြီး ကူညီခိုင်းနေတာကြောင့် အိမ်ကိုခေါ်လာဖြစ်ခဲ့သည်။ အိမ်ရောက်တော့ ထိုလူသည်အမေနဲ့ သိပ်တည့်နေတော့သည်။
"ဟယ် သနားပါတယ်....သားလေး အမေတို့ကို မိသားစုလိုသဘောထားနော်သား....."
"ဟုတ်ကဲ့ လွန်းကိုမြင်တော့ သားအတွက်စိမ်းမနေပါဘူး အမေ....."
"ဟယ် အမေတဲ့ ဘာလိုလိုနဲ့ သားတစ်ယောက်ရပြီ...."
ထိုင်ခုံမှာထိုင်ရင် ဆေးရုံက ကိစ္စပြန်တွေးနေမိသည်။ ဘေးနားမှာ အတိုင်အဖောက်ညီနေသော အမေနဲ့ထိုလူကိုတောင် သတိမထားအားပါ။
အတိတ်မေ့တာတဲ့လား....သူကလူကောင်းကောဖြစ်ပေါ့မလား....ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေကော ပေါက်ပြဲဒဏ်ရာတွေကော ရှထားတဲ့ဒဏ်ရာတွေကောပဲ....ရန်ဖြစ်ပြီး မြစ်ထဲပြစ်ချတာလား။ ဒါမှမဟုတ် သတ်သေတာလား။ မှုးပြီးပဲပြုတ်ကျ တာလား။
အတွေးများစွာဖြင့် လွန်းသာသည် စိတ်ကူးထဲတွင် ရုပ်ရှင် ဆယ်ကားလောက်စာ ဇာတ်ညွှန်းတွေထွက်နေတော့သည်။
သူတွေးလည်း တွေးချင်စရာပင် လွန်းသာဆီ ဝေလင်းစိုး ရောက်လာပုံက ဆန်းကျယ်လွန်းလှသလို သံတရ ဖြစ်စရာတွေ တပုံတပင်ဖြစ်သည်။အင်တာနက်လူမူ့ကွန်ယပ်မှာ ပုံတင်ကာ ကြေညာထားပေမယ့် မျက်နာကအမာရွတ်တွေ ဒဏ်ရာတွေကြောင့် လွန်းသာကိုယ်တိုင်ပင် ဒီလူရဲ့ ပင်ကိုယ်မျက်နာကို မမှန်းစနိုင်အောင်ဖြစ်နေသည်။
ဝေလင်းစိုး မျက်နာဘယ်ဘက်ခြမ်းက အမာရွတ်ကြီးသည် ဝေလင်းစိုး အတွက် သေရာပါဒဏ်ရာကြီး ဖြစ်တော့မည်။ အနာသည်မကျက်သေး။
အဝတ်စားအကောင်းစားတွေနဲ့ စတိုင်ဘောင်းဘီနဲ့ ရုည်လျားတဲ့အရပ် ဒဏ်ရာတွေသာဖယ်လိုက်ရင် ဒီလူရဲ့ ရုပ်ရည်ဟာအရမ်းချောနေမလား ခန့်ညှားနေမလား တွေးနေမိသည်။ သေချာသည်က ဒီလူဟာ မြို့ကနေ တစ်ခုခုဖြစ်ပြီး မိမိတို့ဆီရောက်လာတာပဲနေမည်။
YOU ARE READING
သို့....(completed)
General Fictionမထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယောက်ရောက်လာပြီး မချစ်တတ်သော အဖြူရောင် အောက်ခံစာရွက်လေးအား အချစ်တို့ဖြင့် ဆေးခြယ်လိုက်သည်။ ဆေးမှားသွား...