သို့......
အပိုင်း၂၇
Blue
အလုပ်သွားချိန်မို့ လမ်းမထက်မှာ လူအများကားမှတ်တိုင်မှာ စုဝေးနေကျသည်။ လမ်းတွေပေါ်မှာ ခြေရှုပ်နေလောက်အောင် လူအများ ဝမ်းရေးအတွက် လှုပ်ရှားနေကျသည်က မြန်မာနိုင်ငံရဲ့ ရန်ကုန်မြို့ရဲ့ မြို့အလှတစ်ခုလိုဖြစ်နေသည်။ လမ်းမအထက် ကိုယ်ပိုင်ကားများ၊Taxiများနဲ့ Busကားများဟာလည်း လမ်းမကြီးအထက် ပြည့်ကျပ်နေကျသည်။ ထိုကားတွေကြားထဲမှာ ကားပိတ်တဲ့ဒဏ်ကိုပါ ခံနေရတဲ့ ကားအနက်တစ်စီးက ထင်ထင်ရှားရှားပေါ်လွင်နေသည်။ မြင်လိုက်ရတာနဲ့ တန်ဖိုးကြီး ကားတစ်စီးဖြစ်ကြောင်း ဘေးကားတွေပေါ်မှ ပါလာသော ခရီးသည်များ ကားပိုင်ရှင်များကပါ မသိမသာသောလည်းကောင်း သိသိသာသာသောလည်းကောင်း ကားကိုလှကြောင်း၊ တန်ဖိုးကြီးမယ့်အကြောင်းကို တီးတိုးရေရွတ်နေကျသည်။ ဤသည်ကလည်း လှတာမြင်ရင်၊ တန်ဖိုးကြီးတာမြင်ရင် သဘောကျနှစ်သက်တတ်သော လူတို့ရဲ့ သဘာဝဖြစ်သည်။
ကားမောင်းသူနေရက လူကတော့ ကားကိုဝိုင်းကြည့်နေလို့ အနည်းငယ်မြောက်ကြွကြွဖြစ်နေပေမယ့် ကားပိုင်ရှင်ဖြစ်သူ နောက်ခန်းမှ လူချောကတော့ စိတ်ညစ်ညူးနေသည်။ မျက်မှေညင်ကျုံထားပြီး ဘယ်လက်က နာရီကို ကြည့်လိုက် တော်ခ်ခေါက်လိုက်နဲ့ ဖြစ်ပျက်နေသည်ကိုတော့ လူတွေမမြင်ကျပါ။ အဘယ့်ကြောင့်ဆိုသော ဘေးဘက်ကားမှန်တွေက အနက်ရောင်ဖြစ်နေတာကြောင့် အပြင်ကလူတွေက အတွင်းကိုကောင်းစွာမမြင်ရ အတွင်းကလူကသာ အပြင်ကို သေချာမြင်နေရလို့ ဖြစ်သည်။
"တော်ခ်ကွာ....ရုံးချိန်နီးနေပြီလေ ဒီစောက်ကားတွေ ပိတ်နေတုံးလားကွ...."
အီ့တီ အလိုမကျစွာ ထွက်လာတဲ့ ဆရာဖြစ်သူအသံကြောင့် ခေါင်းသာကုတ်လိုက်မိသည်။ ပြီးနောက်
"ဟုတ်ကဲ့ဆရာ....ကားလမ်းက အတော်ပိတ်နေတယ်ဗျ...."
Blueစိတ်တွေရှုပ်နေမိသည်။ အချိန်အတော်ကြာမှ ကားလမ်းကရှင်းလို့ ကားတွေအလုအယက် မောင်းထွက်ကျသဖြင့် ကားဟွန်းသံများ ညံနေသည်။ သို့သော် ကားပိတ်တုံးကလောက်တော့ စိတ်မရှုပ်တော့ပါ။ ကားမောင်းနေပြီဖြစ်တာကြောင့် မုန်ကို အီ့တီအား ချခိုင်းကာ ပြင်ပက လေကို ရူရှိုက်လိုက်သည်။
YOU ARE READING
သို့....(completed)
General Fictionမထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယောက်ရောက်လာပြီး မချစ်တတ်သော အဖြူရောင် အောက်ခံစာရွက်လေးအား အချစ်တို့ဖြင့် ဆေးခြယ်လိုက်သည်။ ဆေးမှားသွား...