သို့.....
အပိုင်း ၄၈
ကျော်ဖြိုးဝင်း
ဟိုတစ်နေ့က နှင်းဆီကိုရောက်လာတဲ့ ပန်းစီးနဲ့စာကြောင့် ခေါင်းခြောက်ေနရေသည်။ တစ်ဖက်မှာလည်း Blueရဲ့ နောက်လိုက်တစ်ယောက်ကို ယုကေကိုရဲ့နေအိမ်တိုက်ခန်းမှာ ဖမ်းမိထားသည်။ ထိုလူကို တွေ့ဖို့မိမိနေအိမ်ကိုသာ ဖမ်းခေါ်လာခိုင်းလိုက်သည်။
နှင်းသိအောင် ကိုယ်ဘယ်လောက်ရက်စက်လည်း ပြမယ်နှင်း။ နှင်းကြည့်ရဲအောင်သာ ကြည့်ထားပါ။ အခုဆိုနှင်းက လူဆိုးလူမိုက်တစ်ယောက်ရဲ့ မိန်းမဆိုတာ မသိသေးပုံပဲ သိပ်ကိုကြင်နာတတ်နေတော့ သွေးရဲရဲတွေနဲ့ နေသားကျအောင်လုပ်ပေးရမှာပေါ့။
ဧည့်ခန်းမှာ နှင်းနဲ့အတူ ထိုင်စောင့်နေရသည်။ နှင်းအတွက် သွေးလက်ဆောင်က မရောက်သေးတာကြောင့်ဖြစ်သည်။ နှသ်းကတော့ သူ့အတွက်လက်ဆောင်ကို သိပုံမရပါ။ ထိုင်ဆိုထိုင်နေပြီး ထဆိုထနေတဲ့ အရုပ်မလေးအတိုင်းပင်။ ဘာပဲဖြစ်ဖြစ်ပါ လိမ္မာတာကောင်းပါတယ်။
"တီးးးး.....တီးးးး...."
ကားဟွန်းသံကြားတော့ ကျော်ဖြိုးဝင်းပြုံးသွားသည်။ နှင်းဒေဝီကတော့ သူမအားဒီမှာထိုင်ကာ လက်ဆောင်ပေးဖို့ မှာထားတယ်ဆိုလို့ မလိုချင်သောလည်း အမိန့်အာဏာတစ်ခုကြောင့် စောင့်ဆိုင်းနေရသည်။ ခပ်ပူပူဗိုက်လေးကို လက်နဲ့ပွတ်သပ်ရင်း အိမ်ရှေ့တံခါးမကြီးကိုသာ စိတ်မရှည်စွာ စိုက်ကြည့်နေမိသည်။
အိမ်ရှေ့ကားတစ်စီးထိုးရပ်လာပြီး ကားထဲကအနက်ဝတ်စုံနဲ့ လူများဆင်းလာပြီး တစ်ခုခုကိုထုတ်နေသည်။ သူထုတ်လာတဲ့အရာကို သူတို့တွေမျှသယ်ကာ ဧည့်ခန်းအတွင်းသို့ ပစ်လွှတ်လိုက်သည်။
သွေးတွေပေနေတဲ့ လူတစ်ယောက်ဟာ လက်ကိုနောက်ပြန်ကြိုးအတုတ်ခံထားရပြီး ခေါင်းကိုအမဲရောင်ပိတ်စနဲ့ ဖုံးထားတာကြောင့် နှင်းဒေဝီကော ကျော်ဖြိုးဝင်းမမြင်ရပါ။ ကျော်ဖြိုးဝင်းကတော့ အကျေအနပ်ကြီးပြုံးကာ သူရှေ့လဲနေတဲ့လူကို သွားပေါ်မတတ်ပြုံးရင်း ကြည့်နေသည်။
YOU ARE READING
သို့....(completed)
General Fictionမထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယောက်ရောက်လာပြီး မချစ်တတ်သော အဖြူရောင် အောက်ခံစာရွက်လေးအား အချစ်တို့ဖြင့် ဆေးခြယ်လိုက်သည်။ ဆေးမှားသွား...