သို့.....
အပိုင်း၄၂
အမှန်တရားနဲ့ လက်စားချေခြင်းသည် Blueအတွက် လွယ်ကူနေမှာမဟုတ်ပါဘူး။ ဘယ်ခရီးပဲ ဖြစ်ဖြစ် နောက်ဆုံးပန်းတိုင်ဟာ ပိုလှမယ် ပိုကောင်းမယ် ပိုပြီးစိတ်ကျေနပ်စေချင်ရင်တော့ ထိုအကောင်းဆုံးပန်းတိုင်ကိုရောက်ဖို့ လမ်းခရီးဟာ ပိုမိုခက်ခဲလာမှာပါ။ ရန်သူက ငြိမ်နေသ၍ လွယ်ကူနေမှာဖြစ်ပြီး ရန်သူဟာ ကိုယ့်ကို သတိထားမိလာတဲ့အခါကျရင်တော့ ကျွန်တော်တို့ဘယ်လောက်ဘဲ ပုန်းပြီးတိုက်ခိုက်နေပါစေ ကျွန်တေယ့်တို့အတွက်အန္တရာယ်များလာတာပါပဲ။ စိတ်ငြိမ်အောင်ထားပြီး အကောင်းဆုံးနည်းလမ်းကို မရွေးနိုင်ရင်တော့ ရန်သူရဲ့ဝါးမြိုဖျတ်ဆီးခြင်းကို ခံရမှာပါပဲ။
Blueညနေအလုပ်ဆင်းတော့ လွန်းသာကိုအိမ်ထိလိုက်ပို့ပေးခဲ့သည်။ ထိုနောက်ဆေးရုံတန်းသွားရတော့သည်။ အပေါ်ဆုံးအထပ်က B2ကိုပိတ်ထားတဲ့အခန်းဘက်ကို ဦးတည်လျှောက်နေမိသည်။ မိမိသိသလောက် B2ထိုသို့ သောင်းကျန်းတာမသိသလောက်ပါ။ ခုဟာက တပည့်ဖြစ်သူတွေပြောပုံအရဆို ငိုယိုကာသောင်းကျန်းနေသည် ဆိုတော့ Blueအနည်းငယ်တော့ စိုးရိမ်မိသွားသည်။
ဘာအတွက်ကြောင့် ငိုယိုသောင်းကျန်းတာလဲ ဆိုတဲ့ သိလိုစိတ်ကလည်းပြင်းပြနေရသည်။ နေ့လယ်စာသားပြီးကတည်း ထိုင်မရထမရနဲ့ ခနခနB2ရဲ့ အခြေအနေကို ဖုန်းဆက်မေးတော့ ခုထိမငြိမ်သေးပါဘုး ဆိုတာသာ ကြားနေရသည်။
"ဒီအခန်းပါဆရာ...."
အထဲမှာ အသံတွေတိတ်ဆိတ်နေတာကိုတော့ Blueသတိထားမိသည်။
"တံခါးဖွင့်လိုက်...."
"ဆရာ...ကျွန်တော်အရင် ဝင်လိုက်ပေါ့မယ်..."
အီ့တီရဲ့ စကားကိုလက်ပြကာ မလိုဘူးတိုတဲ့ သဘောမျိုးပြလိုက်တာကြောင့် အီ့တီဘက်က ဘာမှဆက်မပြောတော့ပါ။ တံခါးဖွင့်ပေးနေတဲ့ အခြားတပည့်က သံကြိုးနဲ့ပါ တံခါးကိုတုတ်ထားတာကြောင့် အနည်းငယ်တော့ အချိန်ကြာသွားသည်။
ခနနေတော့ တံခါးဖွင့်ဖို့ လက်ကိုင်ကို လက်လှမ်းလိုက်ချိန် အီ့တီက အရင်လက်ကိုင်ကို ကိုင်လိုက်တာကြောင့် Blueအီတီကို အကြည့်စူးစူးတို့နဲ့ စိုက်ကြည့်လိုက်မိသည်။
VOCÊ ESTÁ LENDO
သို့....(completed)
Ficção Geralမထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယောက်ရောက်လာပြီး မချစ်တတ်သော အဖြူရောင် အောက်ခံစာရွက်လေးအား အချစ်တို့ဖြင့် ဆေးခြယ်လိုက်သည်။ ဆေးမှားသွား...