Part-41

2.7K 187 3
                                    

သို့.....

အပိုင်း၄၁

B2ကုတင်ထက်မှာ လှဲလျောင်းနေတဲ့ မိန်းမငယ်လေးရဲ့ ဆံပင်တွေကို ပွတ်သပ်ပေးရင်း မျက်ရည်စတို့ တသွင်သွင်စီးဆင်းနေတော့သည်။
မေမေ...မေမေကို ပေးထားတဲ့ ကတိမတည်လိုက်နိုင်ဘူးဗျာ....ညီမလေးကို ရှာပြီး မကာကွယ်နိုင်ခဲ့ဘူး...။

ဆေးပိုက်တွေတပ်ထားတဲ့ လက်ချောင်းလေးကို အသာအယာထိတွေ့ဆုတ်ကိုင်လိုက်မိသည်။ အရမ်းဖိကိုင်လိုက်ရင် ကျွန်တော့် ညီမလေး နာကျင်သွားရမည်လေ။ B2ရှာဖွေလို့ရတဲ့ သတင်းအရဆိုရင် သူ့ညီမလေးသည် ကျော်ဖြိုးဝင်းဆိုတဲ့ ကောင်ရဲ့ အသုံးချခြင်းကို ခံခဲ့ရပြီး ခုတော့ မလိုလို့ ခုလိုရက်ရက်စက်စက် အလုပ်ခံခဲ့ရသည့် အတွက် သိပ်ကိုနာကျင်လို့မဆုံးပင်။

ညီမဖြစ်သူရဲ့ အိပ်ခန်းထဲက ကျော်ဖြိုးဝင်းနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံဟာ B2ကို လှောင်ရယ်နေသလိုပင်။ ညီမဖြစ်သူက ချစ်ခဲ့သောထိုလူသည် သိပ်ကိုရကစ်စက်လွန်းပြီး အညှာအတာ ကင်းမဲ့သူဆိုတာ B2သိလိုက်ရသည်။ ညီမလေးရဲ့အဖြစ်ကို ရင်နာနာနဲ့ ကြည့်နေမိသည်။

သတ်ပစ်မယ်.....ငါသတ်ပစ်မှရမယ်။

ဆေးခန်းတံခါးဖွင့်ကာ ထွက်လာတဲ့B2ကို အပြင်က အစောင့်တပည့်တွေက စူးစိုက်ကြည့်နေရသည်။ B2ရဲ့ ငိုသံကိုအပြင်က ကြားနေရပေမယ့် စကားသိပ်မပြောပဲ အနေအေးကာ လက်ရဲဇက်ရဲရှိသော B2ကို သူတို့ မမေးမိကျပါ။ အခုအပြင်ကို တံခါးအားဆောင့်ကာ ဖွင့်ရင် ထွက်လာတာကြောင့် တပည့်ဖြစ်သူနှစ်ယောက် ကြောင်အသွားရသည်။ ဘာများဖြစ်လို့လဲ ဆိုတဲ့ စိတ်ဖြင့် B2ရဲ့အနားကပ်ကာ လက်ကိုဆွဲပြီး

"ဘာ...ဘာဖြစ်လို့လဲ B2..."

"သတ်မလို့ ကျော်ဖြိုးဝင်းဆိုတဲ့ ကောင်ကို ငါသတ်ပစ်မလို့ကွ...."

"ဘာ....B2 ရပ်စမ်းပါကွာ....ဆရာကမခိုင်းပဲ မင်းဘာလုပ်မလို့လဲ ပြသာနာဖြစ်သွားမယ်လေကွာ...."

"လွှတ် ငါ့ကိုလွှတ် အဲ့ကောင်ကို သတ်မယ် ဘာလို့ ဘာလို့ ဒီလောက်ရက်ရက်စက်စက် လုပ်ရက်ရတာလဲ ဘာလို့လဲ..."

ငိုယိုနေတဲ့ B2အား အဖွဲ့သားတွေ ကြောင်ကြည့်နေရသည်။ မငိုစဖူးလူက အရူးကြီးတစ်ယောက်လို ငိုယိုနေတာ သူတို့အထူးအဆန်းဖြစ်နေရသလို ဆရာဖြစ်သူကို အကြောင်းကြားရတော့သည်။ သူတို့ကတော့ အစ်ကိုတစ်ယောက်ရဲ့ စိတ်ကို မသိလိုက်ကျပါ။ ညီမဖြစ်သူကို လူနှစ်ယောက်သုံးယောက်က ရိုက်နှက်ထားပြီး အတင်းစော်ကားလိုက်တာကျတာကြောင့် သားအိမ်ပါထုတ်ခံလိုက်တယ်ဆိုတဲ့ အသိစိတ်က အကိုဖြစ်သူအတွက် ညီမငယ်လေးဘဝကို သူမကယ်နိုင်လို့ သူ့ကိုယ်သူအားမလိုအားမရဖြစ်နေရတဲ့ စိတ်ကိုတော့ အဖွဲ့သားတွေက နားမလည်ခဲ့ကျပါ။ အစ်ကိုနဲ့ညီမဆိုတာ သိခဲ့ရင်တော့ နားလည်လောက်မှာပါ။

သို့....(completed)Where stories live. Discover now