သို့.....
အပိုင်း၂၀
ငါးနှစ်ကြာသောအခါ
"လွန်းလေး....."
အိမ်အပေါ်ထပ်ကဆင်းလာတဲ့ လွန်းသာ ခေါ်သံကြားလို့ ကြည့်လိုက်မိသည်။ အောက်ထပ်လှေကားအဆင်းကနေ မိမိအားအပြုံးတစ်ခုဖြင့် စောင့်ကြိုနေသော အကို။ အကို့ကို ကျွန်တော် ကျေးဇူးတွေ အထပ်ထပ်တင်နေမိသည်။ ဘာလို့လဲဆိုတော့ အကိုရဲ့ ကျေးဇူးတွေဟာ လေးနှစ်တိတိ များပြားပြည့်လျံနေလို့ ဖြစ်သည်။
"ဟုတ်အကို....."
လွန်းသာ တောက်ပသော အပြုံးတစ်ခုနဲ့ တိမ်တိုက်အား ပြုံးပြကာ ပြောလိုက်ခြင်း ဖြစ်သည်။
"ဒီနေ့ ပထမဆုံး အလုပ်စဆင်းရမှာဆို မနေ့ကပြောတယ်လေ....."
လွန်းသာ မိမိအား မိဘလို အစ်ကို တစ်ယောက်လို အမြဲတမ်း စောင့်ရှောက်သော အကိုတိမ်တိုက်အား ကျေးဇူးတင်မိသည်။ ကျေးဇူးတင်ခြင်းဆိုတာကို စကားနဲ့ပြောရတာထက် ပိုမိုကျေးဇူးတင်မိသည်။
"ဟုတ် အကို.... ဘာဖြစ်လို့လဲ...."
"အင်းးး....အလုပ်စဆင်း ရမှာဆိုတော့ အားတွေအများကြီးရှိဖို့လိုတယ်လေ မနက်စာကို အကောင်းဆုံးပြင်ထားတယ်....."
လွန်းသာ မိမိရှေ့မှာ ပြုံးပြကာရယ်မောနေသော အကိုတိမ်တိုက်အား မိမိရဲ့သွားဖြူဖြူလေးတွေ ပေါ်သည်အထိ ပြုံးပြလိုက်မိသည်။ မိမိအား အကိုတိမ်တိုက် ကာကွယ်စောင့်ရှောက်ပေးခဲ့တာ လေးနှစ်ရှိပြီဖြစ်သည်။ ဒီနေ့ကစလို့ ကျေးဇူးတွေ ပြန်ဆပ်ပေါ့မယ်လို့ အတွေးထဲ ကြုံးဝါးမိသည်။
ထမင်းဝိုင်းလေးကို ကြည့်လိုက်တော့ အရောင်လှပသော ဟင်းလျာများနဲ့ အနံမွေးသော ဟင်းတွေမှာ သုံးမျိုးအထက်ဖြစ်သည်။ လွန်းသာ တိမ်တိုက်အား စူးစိုက်ကြည့်လိုက်သည်။ပြီးနောက်
"ဘယ်လိုဖြစ်လို့ ပိုက်ဆံတွေကို ဖြုန်းထားတာလဲအကို.....ဟင်းတွေအများကြီးကို နှစ်ယောက်တည်း ဘယ်ကုန်မလဲ...."
တိမ်တိုက် လွန်းသာ ဘေးသွားကာ စကားအရမ်းများသော လွန်းသာ၏ ပုခုံးနှစ်ဖက်ကို လက်ဖြင့်ဖိကာ ထိုင်ခုံမှာ အတင်းထိုင်ခိုင်းရသည်။ ဒါတောင် ဆူပုတ်နေတဲ့မျက်နာလေးက ရှိနေသေးသည်။ လေးနှစ်လုံး ကပ်စေးကုတ်လေးနဲ့ အတူနေလာရတာ ဒီနေ့တော့ တိမ်တိုက် စိတ်ကြိုက်စားချင်မိသည်။
YOU ARE READING
သို့....(completed)
General Fictionမထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယောက်ရောက်လာပြီး မချစ်တတ်သော အဖြူရောင် အောက်ခံစာရွက်လေးအား အချစ်တို့ဖြင့် ဆေးခြယ်လိုက်သည်။ ဆေးမှားသွား...