သို့.....
အပိုင်း၄၀
Blue တို့ထိုင်နေသော မနက်စာထမင်းစားပွဲဝိုင်းသည် တိတ်ဆိတ်နေသည်။ Blueရှေ့မှာချထားတဲ့ အနံမွှေးဟင်းလျာတွေကိုပဲ ကြည့်နေမိသည်။
"စားလေ.... "
လွန်းသာရဲ့ တီးတိုးအသံလေးကြောင့် ဘေးမှာထိုင်နေတဲ့ လွန်းသာအား ကြည့်ကာ ပြုံးပြလိုက်မိသည်။ အမေနဲ့ရွာမှာအတူစားခဲ့တဲ့ ထမင်းဝိုင်းကို သတိရစိတ်များ ဖြစ်ပေါ်လာရသည်။ လက်စားချေတာတွေ လုပ်ပြီးရင် လွန်းလေးရယ်အမေရယ် ကျွန်တော်ရယ် ရွာမှာအတူအခြေချမည်။ အေးချမ်းစွာနဲ့ မွန်းကျပ်ခဲ့သမျှ ကြာကြာမပြုံးခဲ့သမျှ၊ မရယ်ခဲ့သမျှကို အတိုးချ၍ ပြုံးမည်ရယ်မည်။
"ကို ထည့်စားလေ ရော့ပုဇွန်ကြိုက်တယ်မလား...."
"ဘာမင်းငါ့ကို ဘယ်လိုခေါ်လိုက်တယ်...."
ရွာကဆရာဝန်ကတော့ အတော်ပြောင်းလဲသွားတာပဲ။ ရွာမှာဆို လူတိုင်းကိုပြုံးရယ်ပြီး နတ်သားယောင်ဆောင်နေတာ ခုတော့ မျက်နာဖုံးချွတ်ပြီထင်သည်။ သူဘေးက တတ်ကြွကြွနေတတ်တဲ့ ကောင်လေးကို ဟောက်စားလုပ်နေပုံထောင်ရင် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ်လေ ပြိုင်ဖက်ဖြစ်ဖူးပြီးသားဆိုတော့ လွန်းလေးရဲ့ စိတ်ကကိုယ့်ဆီမှာ ရှိတာသိပေမယ့်လည်း ထိုဆရာဝန်ကို သူ့ဘေးက ကောင်လေးဆီ တွန်းပေးရမည်။ ထိုကောင်လေးက ဆရာဝန်ကို ကြိုက်နေပုံရသည်။
"ဟိုဒီက အတွဲတွေလား လွန်းလေး.... "
"ဗျာ...အယ် အဲ့ဒါက...."
လွန်းသာ မိမိအား မေးလာတဲ့ ကိုကိုအမေးကို ဘယ်လိုဖြေရမှန်း မသိတော့ပါ။ ရှေ့မှ ကိုတိမ်တိုက်တို့နှစ်ယောက်သာ သူတို့အကြောင်းသူတို့ အသိဆုံး ဖြစ်သည်ပင်။
"မဟုတ်ပါဘူး...."
"ကို ဘာမဟုတ်တာလဲ တူတူတောင် နေပြီးပြီး...."
"အဟွတ်....ဟွတ်...."
Blueသာမက ဘေးကလွန်းသာပါ စာလက်စထမင်းသီးသွားတာကြောင့် သူ့တို့ဘေးက ရေခွက်ထဲက ရေကို အမြန်သောက်လိုက်ရသည်။ မင်းရတုအပြောကြောင့် တိမ်တိုက် မျက်လုံးပြူးမျက်စံပြူးရပြန်သည်။
YOU ARE READING
သို့....(completed)
General Fictionမထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယောက်ရောက်လာပြီး မချစ်တတ်သော အဖြူရောင် အောက်ခံစာရွက်လေးအား အချစ်တို့ဖြင့် ဆေးခြယ်လိုက်သည်။ ဆေးမှားသွား...