သို့....
အပိုင်း၄၅
တိမ်တိုက်
လူနာတွေကြည့်ပြီးသွားပြီမို့ အပေါ်ထပ် ထပ်ခိုးပေါ်ကို တတ်လာခဲ့လိုက်သည်။ ဘောင်းဘီအိတ်ထဲက ဆေးလိပ်ဗူးကို ထုတ်ကာ ဆေးလိပ်တစ်လိပ်ကို မီးခြစ်ပြီ ဖွာနေလိုက်မိသည်။ ခုရက်ပိုင်း မိမိအနား မင်းရတုသိပ်မကပ်တော့ပါ။
ဘာကြောင့်လဲမသိပေမယ့် အနားအမြဲကပ်နေတဲ့ လူတစ်ယောက်က ရုတ်တရက် ခပ်ခွာခွာနေနေတာကြောင့် တိမ်တိုက် စိတ်ထဲတစ်မျိုးကြီး ဖြစ်နေရသည်။ဒီကောင်လေး ခုရက်ပိုင်း ဘာဖြစ်နေတာလဲ ဘာလဲငါ့ကိုမကြိုက်တော့တာလားဟ အပြောင်းအလဲကလဲ မြန်လိုက်တာ။
"ဟယ်လို အင်းပါဗျာ ချစ်တယ်နော်ကိုကြီး မွမွ...."
ခပ်စူစူးနဲ့ အသံကို ကြားလိုက်ရတာကြောင့် တိမ်တိုက်ထပ်ခိုးဘေးကို ဝေ့ဝဲကြည့်လိုက်မိသည်။ ဆိုင်းဘုတ်နဲ့ကွယ်နေတဲ့ အဖြူရောင်ကုတ်နဲ့ ကောင်လေးကို တွေ့လိုက်ရသည်။
"အင်းပါ ချစ်တယ် နောက်တော့အတူအိပ်မယ်လေ ကိုကြီးကလည်း အသက်ကကြီးနေပြီကို....အင်းပါ...အင်းပါ..."
တိမ်တိုက်နားထဲကြားရတဲ့ စကားတွေကြောင့် ကိုယ်နတောင်ကိုယ် မယုံချင်တော့ပါ။ ထိုကောင်လေးအနားကို မသိမသာစပ်စုသလို တရွေ့ရွေ့နဲ့ကပ်သွားလိုက်သည်။ အသံကတော့ သူကြားဖူးနေသလိုပင်။ မင်းရတု အသံနဲ့ဆင်နေသလိုပင်။
အနားမှမသိမသာနဲ့ ခိုးနားထောင်နေမိသည်။
"အင်းပါဒါပဲနော် ကိုကြီးလည်း ဂရုစိုက်အရမ်းလွမ်းတယ် ...ချစ်တယ်နော်...."
မင်းရတုစကားပြောပြီးတာနဲ့ နောက်သို့အလှည့် နောက်မှဘယ်ချိန်ကမှန်းမသိ ရောက်နေသာ ကိုတိမ်တိုက်ကြောင့် လူကတုံပါတတ်သွားရသည်။ ဒီလူကြီးက မိမိဘယ်လောက်ကပ်ကပ် အမြဲရှောင်နေပုန်းနေတာ အခုမှဘာလို့ရောက်လာတာလဲမသိ။
ဟိုအရင်ပတ်က လွန်းသာကို သူနဲ့အတူအိပ်ဖူးကြောင်းပြောလို့ ကိုတိမ်တိုက်နဲ့ စကားအကြီးအကျယ်များလိုက်ရသည်။ အဲ့ကတည်းကိုတိမ်တိုက်စကားတွေကို မခံနိုင်တာကြောင့် ရှောင်နေမိသည်။ စိတ်ကောင်နေသည်ဆိုရင် ပိုမှန်မည်ထင်သည်။
YOU ARE READING
သို့....(completed)
General Fictionမထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယောက်ရောက်လာပြီး မချစ်တတ်သော အဖြူရောင် အောက်ခံစာရွက်လေးအား အချစ်တို့ဖြင့် ဆေးခြယ်လိုက်သည်။ ဆေးမှားသွား...