ဇာတ်သိမ်း(final Part)

11.2K 333 24
                                    

သို့....

ဇာတ်သိမ်းပိုင်း

ဆေးရုံကုတင်ပေါ်မှာ အိပ်စက်နေတဲ့ ကိုကို့ကိုလွန်းသာငေးစိုက်ကြည့်နေမိသည်။နာခေါင်းမှာဆေးပိုက်ထိုးထားတဲ့ ကိုကိုဟာခုအိပ်နေတာ တစ်ပတ်ပြည့်ပြီဖြစ်သည်။
ဓားဒဏ်ရာတင်မက အရင်ကခနခနထိမိခဲ့သော ခေါင်းကဒဏ်ရာဟောင်းဒဏ်တွေကြောင့်ပါ ခုလိုအိပ်စက်နေတာလို့တော့ ဆရာဝန်တွေကပြောကျပါသည်။

ကိုကိုအခြေအနေက တဖြည်းဖြည်းကောင်းလာပြီဖြစ်တာကြောင့် ကျွန်တော့်ရင်ထဲက အပူမီးကတော့ အတော်လေးငြိမ်းသွားရသည်။ဖြူရော့ရော့မျက်နာလေးကို ပွတ်သပ်နေရင်း စိတ်ထဲကစကားတွေအချိန်တိုင်းဆိုနေရတာလဲ ကျွန်တော့်ရဲ့အလုပ်တစ်ခုလိုဖြစ်နေတော့သည်။

တော်သေးတာပေါ့ ကျွန်တော့်ဆီပြန်လာပေးလို့။ ကိုကိုသိရဲ့လား ကိုကိုအရေးပေါ်ဖြစ်နေတုံး ကျွန်တော်ဘယ်လောက် စိတ်ပူခဲ့လဲဆိုတာ။ ကျေးဇူးတင်ပါတယ်ကိုကို ခုလိုသတိပြန်ရလာပေးလို့။

ကိုကို့ကို စိုက်ကြည့်နေတုံး ကိုကိုမျက်တောင်လေးခတ်လာတာကြောင့် လွန်းသာမျက်လုံးများပြူးကျယ်သွားရသည်။

အခန်းအပြင်ကိုပြေးထွက်ကာ နက်စဆရာမတစ်ယောက်အား အပြေးခေါ်ရတော့သည်။ဆရာမကလည်းဆရာဝနအတွေခေါ်ကာ လိုက်လာတော့သည်။
အခန်းထဲရောက်တော့ ကိုကိုဟာမျက်လုံးများ ပွင့်နေပြီး ဘေးဘီကိုလဲနေရာမှ ငေးကြည့်နေသည်။

လွန်းသာကိုမြင်မှ ကိုကိုရဲ့အကြည့်တို့သည်ရပ်တန့်သွားပြီး လက်လေးတစ်ဖက်က လေပေါ်မြှောက်လာသည်။ လွန်းသာကိုကိုရဲ့ ဆေးပိုက်တပ်ထားတဲ့လက်ကို ညှင်သာစွာဆုတ်ကိုင်လိုက်ကာ တုံရင်နေသောအသံလေးဖြင့်

"ကိုကိုသတိရလာပြီလားဟင် လွန်းဆရာဝန်တွေခေါ်ထားတယ်နော်...."

ကိုကိုကခေါင်းသာညိမ့်ပြသည်။ စကားပြောဖို့ အချိန်ယူနေပေမယ့် အားထုတ်လို့မရဖြစ်နေပုံပင်။ လွန်းသာကိူကိုပုံစံလေးကိုကြည့်ကာ ဝမ်းသာမိသည်။ စကားမပြောနိုင်လို့မဟုတ်ပဲ သတိပြန်ရလာပေးလို့ ဖြစ်သည်။

ဆရာဝန်များက ကိုကို့မျက်လုံးကို လက်နိမ့်ဓာတ်မီးလို အရညလေးနဲ့ထိုးကာစစ်ဆေးလိုက် သွေးပေါင်တွေတိုင်းလိုက်နဲ့အလုပ်မျနေတော့သည်။ အားလုံးစစ်ဆေးပြီးမှ လွန်းသာဘက်လှည့်လာကာ

သို့....(completed)Where stories live. Discover now