သို့.....
အပိုင်း ၂၅
Blue(ဝေလင်းစိုး)
"ဆရာ.....ကောင်းမင်းကို ဖမ်းမိထားပါတယ်....."
"ဟုတ်လား တော်တယ် သူရှိတဲ့ နေရာကို ငါ့ကိုလိုက်ပို့...."
Blueအလုပ်ကနေ အိမ်ပြန်ရောက်လို့ နားတုံးရှိသေးသည်။ တပည့်ဖြစ်သူအီ့တီက အနားရောက်ကာ ဆိုလာခြင်းဖြစ်သည်။ Blue သူ့အား ကျော်ဖြိုးဝင်းနဲ့ ပေါင်းကာ ပူးပေါင်းလုပ်ကြံခဲ့တဲ့ လူယုံကို ရှာဖွေနေတာ ငါးနှစ်ရှိပြီဖြစ်သည်။ အခုမိပြီဆိုတော့ အိမ်မှာနားဖို့လုပ်ထားပေမယ့် မနားဖြစ်တော့ပါ။ ချက်ချင်းအဝတ်အစားပြန်လဲကာ ထိုလူကိုသွားကြည့်ဖို့ တပည့်ဖြစ်သူကို ကားပါပြင်ခိုင်းလိုက်သည်။
ဘောင်းဘီအိတ်ထဲက ဖုန်းမြည်လာတာကြောင့် ဖုန်းကိုကြည့်လိုက်တော့ နံပါတ်စိမ်းဖြစ်နေသည်။ သို့ပေမယ့် Blueဖုန်းကိုကိုင်လိုက်သည်။ တစ်ဖက်ခပ်ချွဲအသံတစ်ခုကထွက်ပေါ်လာသည်။
"Blueလား ကျွန်မကယုကေကိုပါ...."
Bluန ထိုမိန်းကလေးကို မနှစ်သက်ပေမယ့် ထိုမိန်းကလေးအနားကပ်မှ သူသိလိုတာတွေနဲ့ ကျော်ဖြိုးဝင်းရဲ့လက်မောင်းတစ်ဖက်ကို ဖြုတ်ချနိုင်မှာ ဖြစ်သည်။ ထို့ကြောင့်အသံကမု အတတ်နိုင်ဆုံးထိန်းရင်း
"ဘာကိစ္စများရှိလို့လဲယုရဲ့...."
"အိုးးး ယုတဲ့လား....အဲ့လိုခေါ်တာ ကြိုက်တယ်.....Blueက ဝန်းထမ်းတွေကို ဂရုစိုက်တယ်နော်.... "
ထိုမိန်းကလေး စကားမရှိစကားရှာနေတာကို Blueသိလိုက်သည်။ အခန်းထဲဝင်လာတဲ့ တပည့်ဖြစ်သူက မိမိအား ကားရကြောင်းပြောဖို့လာတာက်ို မပြောလဲ သိနေသည်။ ထို့ကြောင့် တပည့်ဖြစ်သူစကားမစခင် လက်ပြကာ ဖုန်းပြောရင်း အခန်းထဲက ထွက်လာလိုက်သည်။
"ဘယ်ဝန်ထမ်းကို ဂရုစိုက်မိလို့လဲ ယုရဲ့ကိုယ်ဂရုစိုက်မိတာ တစ်ယောက်ပဲ ရှိတာပါ....."
"ခ်ခ်ခ်....လွန်းသာဆိုတဲ့ အသစ်လေးကိုလေ ဂျူနီယာတွေလုပ်နေကျအတိုင်း တောက်တိုမရလုပ်ပေးရတာကို Blueလို ကိုယ်စားလှယ်ကြီးက ဂရုစိုက်နေတာလားဟင်..."
YOU ARE READING
သို့....(completed)
General Fictionမထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယောက်ရောက်လာပြီး မချစ်တတ်သော အဖြူရောင် အောက်ခံစာရွက်လေးအား အချစ်တို့ဖြင့် ဆေးခြယ်လိုက်သည်။ ဆေးမှားသွား...