Part-36

2.8K 189 2
                                    

သို့......

အပိုင်း၃၆

ယုကေက်ို

ကုမ္ပဏီကို လာဖို့ယုကေကို အိမ်ကနကေားနဲ့ထွက်လာခဲ့သည်။ မနက်စာမစားရသေးတာကြောင့် ဆိုင်တစ်ဆိုင်မှာ မနက်စာကို ဝင်စားခဲ့လိုက်ပြီး လမ်းတစ်ဖက်က ကားရှိတဲ့နေရာကို ပြန်ကူးလာခဲ့သည်။ ကားနားအရောက်အနောက်က ရပ်ထားတဲ့ ကားထဲ လူနှစ်ယောက်ဆင်းလာခဲ့သည်ကို သတိထားမိလိုက်သည်။

သူတို့ဘာသာ ဆင်းလာတယ်အထင်နဲ့ ကိုယ့်ကားရှိရာသို့ ဆက်လျှောက်လာတုံး ထိုလူထဲက အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနဲ့ လူက ယုကေကိုရှေ့ ပိတ်ရပ်လာတာကြောင့် ထိုလူကို ဘုကြည့်လိုက်မိသည်။

"ဘာလုပ်တာလဲ ရှင့်တို့က...."

"ဆရာကျော်ဖြိုးဝင်းက ခေါ်ခိုင်းလိုက်လို့ပါ...."

ကိုကခေါ်ခိုင်းသည်ဟု ဆိုလာတာကြောင့် ထိုလူနှစ်ယောက်ကို စိုက်ကြည့်ကာ

"ကောင်းပြီလေ ငါ့ကားနဲ့ငါလိုက်ခဲ့မယ်...."

"မရဘူးဗျ....ဆရာက ဒီကားနဲ့ပဲ ခေါ်လာခိုင်းထားတယ်....."

ယုကေကို အခြေအနေက မဟုတ်သေးဘူးဆိုတာကို သတိထားမိလိုက်သည်။ သို့သော်လည်း သူ့ရဲ့သတရဝင်စိတ်သည် သူ့အချစ်ကြောင့် လုံးဝပျောက်ကွယ်သွားသည်။ ယုကေကို ကို့ကို ယုံသည်။ ထို့ကြောင့် ကားကိုသော့ခေတ်ကာ ထိုလူတွေတတ်ခိုင်းတဲ့ ကားနက်ကြီးပေါ်ကို တတ်လိုက်သည်။

ကားကထွက်ခွာလာသည်။ မိမိရဲ့တစ်ဖက်တစ်ချပ်စီမှာ လူနှစ်ယောက်ထိုင်နေသည်။ ရှေ့ခန်းမှာ လူနှစ်ယောက်ထပ်မံလိုက်ပါလာသည်။လမ်းတစ်ဝက်အရောက် ဘေးနားကလူတစ်ယောက်က မိမိရဲ့လက်နှစ်ဖက်ကို သူ့လက်နဲ့ဖိကပ်ချုပ်ကိုင်လိုက်သည်။

"ဘာလုပ်တာလဲ လွှတ်နော်...လွှတ်.... "

အော်လို့မဆုံးသေး ယုကေကိုရဲ့ မျက်နာကို အမဲရောင်ပိတ်စအရှည်နဲ့ ဖုံးအုတ်လိုက်တာကြောင့် မြင်ကွင်းတို့သည် သဲကွဲစွာမမြင်ရတော့ပါ။ ရှန်းကာအော်ဟစ်နေပေမယ့် ဘေးကလူနှစ်ယောက်ကလက်ကိုသာချုပ်ထားတာ ဘာမှမဆိုပဲ ငြိမ်နေကျသည်။

သို့....(completed)Where stories live. Discover now