သို့.....
အပိုင်း၂၈
တိမ်တိုက်
ကိုယ်ပိုင်အခန်းလေးထဲ တံခါးဖွင့်ကာ လေးလံသော ခြေလှမ်းတို့ဖြင့် တိမ်တိုက်ဝင်လာခဲ့သည်။ ခွဲစိတ်ရတာ ပင်ပန်းတာကြောင့် အခန်းကိုရောက်ရောက်ချင်း ခုံပေါ်ထိုင်ချလိုက်ကာ နောက်မှီမှာ ခေါင်းကို အသာမှီတင်ကာ မှေးနေမိသည်။ ဆေးရုံရဲ့မှာ အထူးကုတွေအတွက် သီးသန့်အခန်းတစ်ခုကို နှစ်ယောက်တစ်တွဲဆီ ပေးခါးတာကြောင့် ခနအနားယူဖို့အတွက်တော့ လုံလောက်သည်။
စားပွဲကပြက္ခဒိန်ဆီအကြည့်ရောက်သွားတော့ ဘာလိုလိုနဲ့ ဖေဖေနဲ့ဒေါ်လေး နှစ်ပတ်လည်ကို ရောက်ဖို့ သုံးလပဲလိုတော့သည်။ ထိုနေ့ကအကြောင်းမရာတို့သည် တိမ်တိုက်ခေါင်းထဲ တရိတ်ရိတ်အမြဲတမ်း ငါးနှစ်လုံးပြန်ပေါ်လာတတ်ပေမယ့် မိမိတို့ကားရှေ့မှာ ထိုးရပ်လိုက်သောကားကိုတော့ ခုချိန်ထိအရောင်ကလွဲ၍ ကျန်တာဘာမှမမှတ်မိလိုက်ပါ။ လွန်းကြီးအော်လို့ အရှေ့ကိုပြန်လှည့်လိုက်ပြီး ပိတ်ရပ်ထားတဲ့ ကားကို မြင်မြင်ချင်း ကွေ့ချလိုက်တာကြောင့် အရမ်းမြန်လွန်းတဲ့ အခြေအနေတို့ကြောင့်ပါ သဲကွဲစွာမမှတ်မိနိုင်တာ ဖြစ်မည်ထင်သည်။ ဖေဖေတို့အမူ့က တိကျတဲ့ မျက်မြင်သက်သေ အချက်အလတ်မရှိလို့ ပိတ်သိမ်းလိုက်ရသည်။ အခုထိ မတင်မကျနဲ့ ဖြစ်နေရပေမယ့် မတတ်နိုင်တာကြောင့် တိမ်တိုက် လက်လျော့ထားလိုက်ရသည်။
ကလင်.....ကလင်.....ကလင်.....
"ဟယ်လို....."
"အကို ကျွန်တော် နှစ်ရက်လောက် အလုပ်ကိစ္စနဲ့ ခရီးသွားရမယ်ဗျ....
"ဟင် ဟုတ်လား ဘယ်တော့လဲ လွန်းလေးရဲ့...."
" အခုသွားရမှာ....အကိုရယ်....အလုပ်ဿိုယ်စားလုယ်ကအခုလိုက်ခဲ့ ခိုင်းနေတာ...."
"ဘာ....ဘယ်လို....ဟာဘယ်လိုလူကွ....ကြိုပြောသင့်တာပေါ့.....ခနလေး အကိုလွန်းလေးအဝတ်အစားတွေ ယူလာပေးမယ်နော်....."
"ရတယ်အကို....အခုသွားရတော့မှာ ဒါပဲနော် အကို.... "
"ဟယ်လို.....လွန်းလေး....."
တိမ်တိုက် ဒေါသများဖြင့် စားပွဲခုံကို လက်ဖဝါးအားဖြင့် ရိုက်ချလိုက်မိသည်။ ကျယ်လှောင်သော "ဘုန်းးး"ဆိုတဲ့ အသံက အခန်းငယ်လေး ဟိန်းထွက်သွားသည်။
YOU ARE READING
သို့....(completed)
General Fictionမထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယောက်ရောက်လာပြီး မချစ်တတ်သော အဖြူရောင် အောက်ခံစာရွက်လေးအား အချစ်တို့ဖြင့် ဆေးခြယ်လိုက်သည်။ ဆေးမှားသွား...