Part-32

2.8K 203 7
                                    

သို့........

အပိုင်း၃၂

ကျောဖြိုးဝင်း

"ဟယ်လို....အေးပြော..."

"ဆရာ....ကျွန်တော်တို့ ပစ္စည်းရောင်းနေရင်း ရဲဖမ်းခံရလို့ဆရာ....."

"ဘာကွ....."

ကျော်ဖြိုးဝင်း တပည့်ဖြစ်သူဆီမှ ကြားရသောအသံကြောင့် ထိုင်နေရာမှ မတ်တပ်ရပ်လိုက်ကာ လက်ထဲရှိဖန်ခွက်ကို တင်းကျပ်နေအောင် ဆုတ်ကိုင်ထားမိသည်။ အခန်းထဲက ကုတင်မှာ ထိုင်နေတဲ့ နှင်းဒေဝီသည်လည်း ကျော်ဖြိုးဝင်းရဲ့ အသံနေအသံထားနဲ့ ပုံစံကြောင့် အနည်းငယ်ထိပ်လန့်သွားကာ ကျော်ဖြိုးဝင်းအား အကဲဖြတ်သလို စူးဆန်းကြည့်နေမိသည်။

"ပစ္စည်းတွေရယ် ဟိုဘက်ကလူတွေအပြင်ကျွန်တော်တို့ဘက်က ၃ယောက်လောက်အဖမ်းခံထားရတယ်ဆရာ....."

ကျော်ဖြိုးဝင်း စိတ်ကိုလျော့လိုက်ကာ အသံကိုထိန်းရင်း တစ်ဖက်တပည့်ဖြစ်သူအား

"အေး အဲ့သုံးယောက်ကို သူတို့ဘာသာရောင်းတာလို့ ထွက်ဆိုရမယ်.... မင်း သူတို့ကို သေချာသင်ပေးထားဖူးတယ်မလား....."

"ဗျာ.....သင်....သင်ပေးထားပါတယ်ဆရာ...."

ကျော်ဖြိုးဝင်း သူနောက်ကျော်က နှင်းဒေဝီဘက်ကို လှည့်လိုက်တော့ စူးစမ်းနေတဲ့ နှင်းဒေဝီ မျက်နာအနည်းငယ်ပျက်သွားသည်ကိုတွေ့လိုက်ရသည်။ နှင်းဒေဝီအား ကျော်ဖြိုးဝင်း သူ့လက်ထဲက အရက်ခွက်ကိုမြှောက်ပြရင်း ပြုံးပြလိုက်သည်။ ထိုအပြုံးက နှင်းဒေဝီအတွက်တော့ ရွံစရာကောင်းလွန်းလှသည်။ ကျော်ဖြိုးဝင်း နှင်းဒေဝီအားကြည့်ရင်းဖြင့် သူ့တပည့်ဖြစ်သူအား အေးစက်တဲ့လေဖြင့်

"သူတို့ငါအကြောင်းသိမှာပါ ငါကပြောတဲ့အတိုင်း လုပ်တတ်တဲ့လူဆိုတာကို....ငါကိုပါရဲကလာတို့ထိလို့ကတော့ မိသားစုနဲ့သေမှတွေ့ရအောင်လုပ်ပေးမယ်....ကြားလား.... သူတို့သာအလျှောက်ကောင်းရင် သူတို့ပြန်လွတ်လာတာနဲ့ သူတို့မိသားစုဘယ်လောက်တောက်ပနေလဲဆိုတာ မြင်ရမယ်ဆိုတဲ့အကြောင်းကိုကော သင်ပေးဖူးလား...."

"ဟုတ်....ဟုတ်ကဲ့သင်ပေးထားပါတယ်...."

"အေးမင်းတော်တယ် နှစ်နှစ်လောက်မင်း ထိုင်းမှာရှောင်နေ....ငါမင်းအတွက်စီမံပေးထားမယ်...."

သို့....(completed)Where stories live. Discover now