Part-44

2.6K 176 3
                                    

သို့....

အပိုင်း၄၄

Blue

စုံတွဲpageတစ်ခုကိုထောင်လိုက်သည်နဲ့ ရရှိလာသော Like and followerတွေက အများအပြားကို တွေ့လိုက်ရသည်။ ဘယ်သူပြောလဲ Lgbtဖြစ်တာနဲ့ အမြဲအနမ်ခံရမယ်လို့ Blueစိတ်ထဲ ေပျာ်သွားရသည်။ အရှုံးနဲ့ရင်ဆိုင်ရမယ်ထင်ပေမယ့် သုံးရက်ကြာသည်အထိ ရင်းနှီးမြှပ်နှံမူတွေများပြားလာတာကို သတိထားမိလာရသည်။ နိုင်ငံတကာက Lgbtလုပ်ငန်းရှင်တွေကလဲ ပူးပေါင်းဖို့ ကမ်းလှမ်းလာသည်မို့ ပိုလို့တောင် အဆင်ပြေလာရသည်။ အဆင်မပြေသည်ကတော့ လူမူရေးတွေမှာ စတင်ပြသနာတွေက တစ်စီကြီး ဖြစ်လာရသည်။

Lgbtမလုပ်တဲ့ မိတ်ဆွေတစ်ချို့က ကိုယ့်နဲ့စကားပြောဖို့ ဝန်လေးလာကျသည်။ gayဖြစ်တာကြောင့်လည်း သူတို့အနေနဲ့ အရင်လိုပဲ ပုခုံးဖတ်စကားပြောရမလား ဒါမှမဟုတ် အဝေးနေပဲ ပြုံးပြနူတ်ဆတ်ရမလား ဇဝေဇဝါဖြစ်နေပုံရသည်။ ကျွန်တော်လည်း ကိုယ်တိုင်က gayအဖြစ်လက်ခံလ်ိုက်ပြီမို့ လက်ဆွဲနူတ်ဆက်ဖို့တောင် တစ်ခါတစ်လေ တစ်ဖက်က အထင်အမြင်လွဲမှာ စိုးရိမ်နေမိသည့် စိတ်လည်းရှိလာသည်မို့ အပြစ်မဆိုချင်တော့ပါ။

ရှယ်ယာစျေးကလည်း ပုံမှန်အခြေအနေပြန်ရောက်ပြီမို့ သုံးရက်လုံး မတွေ့လိုက်ရတာတဲ့ ကျွန်တော့်ရဲ့ နှလုံးသားလေးကို တွေ့ချင်လာရသည်။ လွမ်းလာရသည်။ ထို့ကြောင့် သူရှိရာသို့ တွေ့ဖို့ထွက်လာခဲ့ရတော့သည်။ အရမ်းတွေ့ချင်ပြီ သူလေးရဲ့မျက်နာကို မော့ဖူးချင်လှသည်မို့ နှလုံးသားအရှင်သခင်လေးရှိမည့် နေရာကို ခြေလှမ်းကျဲကျဲဖြင့် ခပ်မြန်မြန်လျှောက်လာခဲ့တော့သည်။

လွန်းသာခုံေလးအနား မတ်တပ်တွေရပ်ပြီး ရယ်မောအလုပ်ကမိန်းကလေးတွေနဲ့ ကောင်လေးတွေ စကားပြောနေကျသည်။ သူတို့ကရယ်မောနေပေမယ့် လွန်းလေးက မျက်နာလေးက ဟန်လုပ်ကာ ရယ်နေပုံကြောင့် Blueမျက်မှောင်ကျုံကာ ကြည့်နေမိသည်။

လွန်းသာစားပွဲအနားမှာ အလုပ်ကအစ်မမျာူအစ်ကိုများစုဝေးက စနောက်နေကျတော့သည်။ တစ်ချို့ကလည်း ပျော်စေချင်လို့စကျသည်။ တစ်ချို့ကတော့ခနဲ့သလိုစကျသည်။ တစ်ချို့ကတော့ သူကိုယ်သူတို့ပျော်ရင်ပြီးရောစနောက်နေကျတော့သည်။

သို့....(completed)Where stories live. Discover now