သို့......
အပိုင်း၁၅
လွန်းအတိတ် ပုသိမ်မြို့ပေါ်ရောက်တာနဲ့ ဆရာဝန်လေးက သူ့အိမ်ကိုခေါ်လာခဲ့သည်။ ဆရာဝန်လေးရဲ့ အိမ်လေးဟာ နှစ်ထပ်လုံးချင်းအိမ်လေးဖြစ်နေသည်။ ခြံလေးနဲ့ သပ်သပ်ရပ်ရပ်ဖြစ်သလို ကားလည်းနှစ်စီးလောက်ရှိနေတာကြောင့် လွန်းအတိတ်အတွက်ကတော့ ဆရာဝန်လေးတိမ်တိုက်ကို အထင်ကြီးနေမိတော့သည်။
ဆရာဝန်လေးက သူအိမ်ထဲကို ခြံတံခါးဖွင့်ကာ ကျွန်တော်နဲ့ အမေ့ကို ခေါ်လာခဲ့သည်။ ကျွန်တော်နဲ့အမေကတော့ သစ်ရိပ်ဝါးရိပ်နဲ့ လှပနေတဲ့ အိမ်လေးကို ဟိုကြည့်ဒီကြည့်နဲ့ တီးတိုးတီးတိုး ချီးမွန်းနေကျရသည်။
ခြံထဲက ဦးလေးကြီးတစ်ယောက် ထွက်လာကာ ဆရာဝန်လေးကို ပွေ့ဖတ်ရင်း
"သားရယ် ရောက်လာမှတော့ တစ်ညနှစ်ညတော့ညအိပ်သွားပါကွာ မင်းနဲ့အဖေမတွေ့ရတာ နှစ်ချီနေပြီကွ....."
"ဟုတ်ကဲ့ပါအဖေရဲ့ ခုကဧည့်သည်တွေကြောင့်လေ သားလည်းတစ်ခါတစ်လေ လာလည်ပါတယ်အဖေရာ....မနှစ်က ရွာမှာ လူနာတအားများနေလို့ပါ....."
ဆရာဝန်လေးနဲ့ သူ့အဖေကို ဖတ်ထားတာကိုမြင်ရင်း ကျွန်တော့်မျက်လုံး ဝေဝေဝါးဝါးဖြစ်လာရသည်။ ပုံရိပ်တစ်ချို့က ဝါးတားတား ဝင်ရာက်လာသည်။ ဘာတွေလဲဆိုတာ သဲသဲကွဲကွဲမမြင်ရပဲ အသံတချို့ကလည်း လုံးလုံးနဲ့ကြားလာရသည်။ ဦးလေးကြီးတစ်ယောက်ကို ပွေ့ဖတ်နေတဲ့ ကလေးတစ်ယောက်။ သူတို့ စကားတွေကို အပြန်အလှန် ပြောနေတာသာ ကျွန်တော်သိသည်။ ဘာတွေပြောနေတယ် ဘယ်တွေဆိုတာလည်း သေချာမမြင်ရပါ။
ခေါင်းထဲမိုက်ခနဲ မူးသွားတာကြောင့် ကိုယ့်ကိုယ်ကိုထိန်းလိုက်ရသည်။ ဘေးအမေက ကျွန်တော့်အား
"သားကြီး ဘာဖြစ်လို့တုံး နေလို့မကောင်းဘူးလား....."
"မဟုတ်ပါဘူးအမေရာ သားခရီးပန်းလို့ပါ..."
"အော် အေးအေး ခနနားကျတာပေါ့...."
ကျွန်တော် ဘာတွေမြင်နေတာလဲ။ အမေကိုအမှန်တိုင်းမပြောမိ အမေသိရင် စိတ်ပးမှာလည်း စိုးရိမ်လို့ဖြစ်သည်။ သားအဖနှစ်ယောက် စကားပြောပြီးတာနဲ့ နောက်မှာကျန်ခဲ့တဲ့ လွန်းအတိတ်တို့သားအမိကို သတိရသွားကျ ဟန်ရှိသည်။ ဦးလေးကြီးက
YOU ARE READING
သို့....(completed)
General Fictionမထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယောက်ရောက်လာပြီး မချစ်တတ်သော အဖြူရောင် အောက်ခံစာရွက်လေးအား အချစ်တို့ဖြင့် ဆေးခြယ်လိုက်သည်။ ဆေးမှားသွား...