သို့......
အပိုင်း၈
လွန်းသာ မလုံမတို့နဲ့အတူ လယ်ထဲစဆင်းနေရသည်။လယ်ထဲမှာ ကောက်စိုက်နေတုံး တာရိုးပေါ်ကနေ ဆရာလေးတိမ်တိုက်ကို တွေ့လိုက်ရသည်။ ဆရာလေးက အင်္ကျီလက်ရှည်ကိုခေါက်တင်ထားကာ ပုဆိုးအနီကို ဒူးနားအထိ လက်တစ်ဖက်နဲ့ ဆွဲမထားသည်။
သူ့ကိုလှမ်းကြည့်နေတဲ့ လွန်းသာတို့ကို လက်ဝှေ့ယမ်းပြနေသည်။
"ဟေ... လွန်းလေးရေ ဆရာလေးက တို့တွေကို ခေါ်နေတာနဲ့တူတယ်နော်....."
"အင်းဟုတ်မယ် လာသွားမယ်လေ....."
လွန်းသာတို့ လယ်ထဲက ပြန်တတ်လာကျသည်။ ကိုယ်စီ ဆောင်းထားတဲ့ ကျောထိရှည်တဲ့ ခမောက်ရှည်ကြီး ခေါင်းမှချွတ်လိုက်ကျသည်။ နေအရမ်းပူရင် ခမောက်အတွင်းပါ ပူတတ်တာမို့ ဖျင်စကို ခေါင်းပေါင်းထားတာကို ဖြည်လိုက်ကျရသည်။
ဖျင်ခေါင်းပေါင်းကို ဖြည်လိုက်မှ သုံးဦးသာ ခေါင်းချွေးတွေထွက်က ဆံစတွေကော နာဖူးပြင်မှာပါ ချွေးတွေသီးနေတော့သည်။ဆရာလေးတိမ်တိုက် လွန်းသာအနားလေးရောက်လာကာ လက်ကိုင်ပုဝါလေးထုတ်ကာ
"ရော့ ချွေးသုတ်လိုက်အုံး...."
"အမလေး ဆရာလေးတို့များ မျက်နာသိပ်လိုက်တာပဲနော် စိန်မတို့လည်း ချွေးထွက်ပါတယ်...."
မစိန်မက ဆိုလာတာကြောင့် တိမ်တိုက်မျက်နာ တော့ပူမိသွားသည်။ သူကလည်းသူပင် သုံးယောက်ရှိတာ တစ်ယောက်တည်းကွက်ပြီး မျက်နာသုတ်ဖို့ပေးတာကြောင့်ပါ။
လွန်းသာ နေရထိုင်ရတာ အနည်းငယ် ကသီ့ကအောင့် ဖြစ်မိပေမယ့် ထိုသို့စနောက်မူ့မျိုးကို သဘောကျသလိုလိုတော့ ဖြစ်သည်။ ဆရာလေးတိမ်တိုက်ပေးတဲ့ လက်ကိုင်ပုဝါ အပြာလေးကို ယူကာသုတ်လိုက်သည်။
"မဟုတ်ရပါဘူး မစိန်မရယ်...."
"ကဲ စိန်မ မစပါနဲ့ဟာ ကျုပ်တို့ဆရာလေးမျက်နာက ခရမ်းချည်သီးလို ရဲနေပြီတော့...."
ပဆရာလေးမျက်နာကို မသိမသာလှမ်းကြည့်လိုက်မိသည်။ ချွေးသုတ်ပြီး လက်ကိုင်ပုဝါကို ပြန်ကြည့်လိုက်မှ အားတောင်နာသွားမိသည်။ မိမိကိုယ်ကို သေနပ်ခါးတွေအများကြီးလိမ်းလာတာ သတိမထားမိပဲ သုတ်လိုက်တာ အပြာရောင် လက်ကိုင်ပုဝါလေးက သေနပ်ခါးအဝါတွေစွန်းသွားရတော့သည်။
YOU ARE READING
သို့....(completed)
General Fictionမထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယောက်ရောက်လာပြီး မချစ်တတ်သော အဖြူရောင် အောက်ခံစာရွက်လေးအား အချစ်တို့ဖြင့် ဆေးခြယ်လိုက်သည်။ ဆေးမှားသွား...