သို့....
အပိုင်း၄၆
Blue
Blue ဆေးရုံကြီးအတွင်းရှိ အခန်းတစ်ခုသို့ လျှောက်လာခဲ့သည်။ ထိုအခန်းမှာကား ယုကေကို ထားသောအခန်းဖြစ်သည်။ Blueအခန်းထဲကို ဝင်လာခဲ့လိုက်သည်။
ကုတင်အထက်မှာ ထိုင်ကာနေတဲ့ ယုကေကိုသည် သူ့ရှိရာသို့ အကြည့်ရောက်လာခဲ့သည်။ သူမရဲ့မျက်ဝန်းများမှာ မျက်ရည်စတို့ ဝေ့သီနေသည်။ မျက်နာသည်အရမ်းကိုဖျော့တော့နေသည်ကို Blueသတိထားမိသည်။ ဒီမိန်းကလေးရဲ့ ဘဝကို မိမိသနားမိသည်။ မိမိညီလေးရဲ့ ဘဝသည်လည်း သူမကဲသို့ အိမ်မက်ဆိုးကြီးတစ်ခုကို မက်ခဲ့ဖူးသည်ကြောင့်ပင် ဖြစ်သည်။
သူမကိုသနားပေမယ့် Blueအနေနဲ့ကတော့ ကျော်ဖြိုးဝင်းကို ဖြိုလဲဖျက်ဆီးနိုင်ဖို့ ဒီမိန်းကလေးမပြောချင်လောက်တဲ့ ထိုလူ့အကြောင်းကို မေးမြန်းချင်မိသည်။ ဘေးနားကB2ကို ခေါင်းညိမ့်ပြလိုက်တော့ B2က သဘောပေါက်သွားသည်နဲ့တူသည်။ ထိုမိန်းကလေးအနားသွားကာ ထိုမိန်းကလေးရဲ့လက်ကို ဆုတ်ကိုင်ရင်း
"ညီမလေး Blueမေးတာကို ဖြေနိုင်တယ်မလားဟင်...."
ညီမလေးဆိုတဲ့ အသုံးအနူန်းကြောင့် Blueသူတို့ကိုကြည့်လိုက်မိသည်။ အားကိုးရပြီး အားပေးနှစ်သိမ့်နေတဲ့ အကိုကြီးနဲ့ အကိုဖြစ်သူရှေ့ အားအင်ချိ့နဲ့နေပေမယ့် အားတင်းထားရတဲ့ ညီမလေး။ ထိုမြင်ကွင်းသဘောတော့ကျမိသည်။ B2 သူ့ညီမကို သူတို့ဟာမောင်နှမဆိုတာ ပြောပြပြီးလောက်ပြီနဲ့တူသည်။
Blueကုတင်ဘေးနားက ခုံမှာဝင်ထိုင်လိုက်တော့ ယုကေကိုသည် Blueရှိရာဘက်သို့ မျက်နာမူလာပြီး အသံတိုးတိုးလေးဖြင့်
"အကိုကြိုက်ရာကိုမေးပါ ကျွန်မဖြေပေးပေါ့မယ်...."
"အင်း ကောင်းပါပြီ..."
B2သည် အခန်းတွင်းကနေ ညီမဖြစ်သူကိုထားကာ ထွက်သွားတော့သည်။ အခန်းအတွင်းဝယ် Blueနဲ့ ယုကေကိုသာ ကျန်ခဲ့တော့သည်။ Blueသက်ပြင်းဖွဖွချကာ
"ကိုယ်သိချင်တာမမေးခင် မင်းအဆင်ပြေရဲ့ နေလို့ကောကောင်းရဲ့လား...."
YOU ARE READING
သို့....(completed)
General Fictionမထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယောက်ရောက်လာပြီး မချစ်တတ်သော အဖြူရောင် အောက်ခံစာရွက်လေးအား အချစ်တို့ဖြင့် ဆေးခြယ်လိုက်သည်။ ဆေးမှားသွား...