သို့......
အပိုင်း၂၁
Blue(ဝေလင်းစိုး)
"ဆရာ.....စံအိမ်ကို တန်းမောင်းရမလား...."
Blue လေဆိပ်ကနေ တန်းထွက်လာပြီး တပည့်ဖြစ်သူ အီ့တီယူလာတဲ့ ကားပေါ်တတ်ထိုင်နေလိုက်သည်။ အီ့တီလည်း ရှေ့ခန်းက ကားမောင်းသူ နေရာမှာ ထိုင်လိုက်ပြီး မိမိအား နောက်လှည့်ကာ မေးလာခြင်းဖြစ်သည်။
"ကုမ္ပဏီကို အရင်မောင်း...."
လက်ထဲကဖုန်းကို ထုတ်ရင်း မတ်ဆေ့တစ်ကြောင်းကို ရေးပို့ရင်း အီ့တီကို ပြန်ပြောလိုက်သည်။ ထိုစဥ်အီ့တီမှ
"ဆရာ အခုမှပြန်ရောက်တာ ကုမ္ပဏီကို တန်းသွားတော့မလို့လား...."
စကားထပ်ရှည်လာတဲ့ အီ့တီကို Blue ဖုန်းကို ကြည့်နေရင်း စူးရဲသော မျက်လုံးနဲ့ လှမ်းကြည့်လိုက်သည်။ အီ့တီကတော့ လန့်သွားကာ ဘာမှဆက်မပြောတော့ပဲ ကားကိုမောင်းထွက်ဖို့ ပြင်လိုက်သည်။ ထိုအချိန်မှ Blue တစ်ခုခုကို သတိရကာ
" အင်္ကျီဆိုင်ကို အရင်မောင်း....ငါဝယ်နေကျဆိုင်ကို မောင်း....."
"ဗျာ ဟုတ်ကဲ့...."
မနက်ရောက်ဖို့ နေမင်းနဲ့ညအလင်းတို့ အနည်းငယ်ရောင်ခြည်ရောဖြာနေသည်။ Blue ဖခင်ဖြစ်သူSkyအား စာပို့ပြီးတာနဲ့ ဖုန်းကို ပိတ်လိုက်ကာ လူအနည်းစု လမ်းမထက် စတင်လှုပ်လှုပ်ရှားရှားပြုမှုနေသော မြင်ကွင်းကို ကားပေါ်ကနေ ငေးကြည့်နေမိသည်။ မနက်အာရုံဦးမို့ ကားတွေလည်း သိပ်မများသလို လမ်းပေါ်မှာ လူတွေလည်း သိပ်မများလှပါ။
လွန်ခဲ့သော ငါးနှစ်က လွမ်းစိတ်က အတွေးထဲကော ကျွန်တော့်ရင်ထဲပါ ပြန်လည် ဝင်ရောက်လာတော့သည်။ထို့ကြောင့် ကျွန်တော့် အိတ်ထဲက စာအုပ်အနက်ရောင်လေးကို ထုတ်လိုက်ကာ ဖောင်တိန်အနက်ရောင်လေးကို ကိုင်သည်။ ကိုယ်တိုင်တောင် မသိတဲ့မေ့ပျောက် နေသော အရာတစ်ခုဆီသို့ စာရွက်အလွတ်တစ်နေရာမှာ အမှာစာရေးခြစ်လိုက်မိသည်။
သို့....
ငါဘာကို မေ့ေနတာလဲ၊ ငါမသိဘူး။
ငါဘာကို တမ်းတေနတာလဲ၊ ငါမသိဘူး။
ငါဘာကို လွမ်းနေတာလဲ ငါမသိဘူး။
YOU ARE READING
သို့....(completed)
General Fictionမထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယောက်ရောက်လာပြီး မချစ်တတ်သော အဖြူရောင် အောက်ခံစာရွက်လေးအား အချစ်တို့ဖြင့် ဆေးခြယ်လိုက်သည်။ ဆေးမှားသွား...