သို့......
အပိုင်း၃၀
ကျော်ဖြိုးဝင်း
"ဒီမှာ ဦးလေး အခုဆို ကောင်းမင်းဆိုတဲ့ ကောင်က ပျောက်နေတာ တစ်ပတ်ပြည့်တော့မယ်ဗျ.... သူမိန်းမကို သွားမေးတော့လည်း ပြန်မလာတာကြာပြီတဲ့....."
"အဲ့တော့ ငါကဘာလုပ်ရမှာလဲ....."
ဦးဇင်းမောင် စကားကြောင့် ကျော်ဖြိုးဝင်း သူ၏ရှေ့မှာ ထိုင်နေသော ဦးဇင်းမောင်အောင် စိုက်ကြည့်လိုက်ကာ ခနဲ့သလိုပြုံးလိုက်ရသည်။ ပြီးနောက် ကိုယ်နဲ့မဆိုင်သလို ဆိုလာတဲ့ ဦးဇင်းမောင်အား
"ဒီမှာဦးဇင်းမောင် ကျုပ်ကခဗျားသမက်နော်....ခဗျားသမီးဘဝကိုလည်း စဥ်းစားအုံး....."
သမီးပါ ပါလာတာကြောင့် ဦးဇင်းမောင် ထိုင်ခုံလက်ကိုင်တန်းကို နဲ့ဖြင့် မသိမသာဆုတ်ကိုင်ကာ ဒေါသကိုထိန်းချုပ်လိုက်သည်။ ပြီးနော်က သွေးတဲ့မျက်နာထားနဲ့ သူအားကြည့်နေတဲ့ ကျော်ဖြိုးဝင်းကို ပြန်ပြုံးပြကာ
"ဦးသိတာပေါ့ မောင်ရင်ရဲ့ ဒီကောင်ပျောက်နေတာကို အဲ့တော့ ဘာလဲ ရှာချင်နေတာလား...မောင်ရင်က ဘာကိုစိုးရိမ်နေတာလဲ ဝေလင်းစိုးတို့တစ်မိသားစုလုံးကို ရှင်းပြစ်လိုက်ပြီးပြီပဲ ဒီကိစ္စကို ဘယ်သူကအစပြန်ဖော်လို့ရမှာလဲ....."
ကျော်ဖြိုးဝင်း စားပွဲပေါ်ကအရက်ထည့်ထားသော ဖန်ခွက်ကို ယူလိုက်ကာ အေးဆေးတစ်ငုံမော့သောက်လိုက်သည်။ ပြီးနောက်
"ပြသာနာက သူ့မိသားစုမဟုတ်ဘူး Blue Sky ကုမ္ပဏီပဲ...."
"ဘာ...ဘယ်လို Blue Skyနဲ့က ဘာဆိုင်လို့လဲကွ...."
မယုံကြည်နိုင်စွာ ပြောလာတဲ့ ဦးဇင်းမောင်အား ကျော်ဖြိုးဝင်း တစ်ချက်ကြည့်လိုက်ကာ
"ဆိုင်တယ်....Blueဆိုတဲ့ ကောင်က မွေဖို့ပြန်လာတဲ့ကောင်ပဲ ဒီကောင်ကို လွန်းဇွဲကိစ္စအပြီး အပြတ်ရှင်းပြစ်ခဲ့တာကို ဘာလို့ ပြန်ပေါ်လာတာလဲဆိုတာ စဥ်းစားစရာပဲ....."
"ဘာလဲ မောင့်ရင်အဲ့ကောင်လေးဆီ လွန်းဇွဲကို ပစ်ကျွေးလိုက်တဲ့ ကိစ္စလား ဒီကောင်လည်း အပြစ်သားပဲလေကွ ရဲမတိုင်ရဲပါဘူး...."
YOU ARE READING
သို့....(completed)
General Fictionမထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယောက်ရောက်လာပြီး မချစ်တတ်သော အဖြူရောင် အောက်ခံစာရွက်လေးအား အချစ်တို့ဖြင့် ဆေးခြယ်လိုက်သည်။ ဆေးမှားသွား...