Part-49

2.9K 167 4
                                    

သို့.....

အပိုင်း၄၉

နောက်ကြောင်းပြန်ခြင်း
~~~~~~~~~~~~~~~~~~~~~

ဝေလင်းစိုး(Blue)

ကျွန်တော်နဲ့ကျော်ဖြိုးဝင်းဟာ အရင်ကသိပ်ကိုရင်းနှီးခဲ့ရတဲ့ သူငယ်ချင်းပါ။ ကျော်ဖြိုးဝင်းက မိဘမဲ့တစ်ယောက်ဖြစ်သလို အဖော်အပေါင်းဆွေမျိုးဆိုတာလည်း မရှိပါဘူး။ ဒါပေမယ့် သူ့မှာမိဘတွေထားခဲ့တဲ့ တိုက်ခန်းနဲ့ ဘဏ်မှာသိမ်းထားတဲ့ ငွေအနည်းငယ်က သူ့ကိုအေးဆေးထိုင်စားဖို့ဖြစ်တည်ခဲ့တယ်လို့ သူပြောဖူးပါတယ်။

ရင်းနှီးခဲ့တဲ့အချိန်တွေဟာ အခုဆိုဆန့်ကျင့်ဘက်သို့ပြောင်းလဲခဲ့ပါတယ်။ ကျောင်းကတည်းက အခင်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ပြီး ရည်စားထားရင်တောင် အမြဲတိုင်ပင်တတ်တဲ့ သူငယ်ချင်းတွေပါ။ တစ်နေ့မှာ ကျောင်းပြောင်းလာခဲ့တဲ့ နှင်းဒေဝီဆိုတဲ့ မိန်းကလေးကို ကျ်ောဖြိုးဝင်းက သဘေယကျကြောင်း ကျွန်တော့်ဆီ ပြောပြလာခဲ့ပါတယ်။ အဲ့တုံးအချစ်မှာ နစ်ဝင်နေတဲ့ ကျော်ဖြိုးဝင်းပုံစံက ရယ်စရာကောင်းပြီး တတ်ကြွတဲ့လူငယ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။

ထိုမိန်းကလေးဟာ ကျွန်တော့်တို့နှစ်ယောက်ကြားထဲ ဝင်ရောက်လာခဲ့ပြီး အခင်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကျပါတယ်။ နှင်းဟာကျွန်တော့်အတွက် ထာဝရသူငယ်ချင်းဖြစ်သလို ကျော်ဖြိုးဝင်းဟာလည်း ကျွန်တော့်အတွက် ထာဝရလက်တွဲသွားကျမယ့် အရင်းနှီးဆုံးနဲ့အပွင့်လင်းဆုံးသူငယ်ချင်းပါပဲ။

နှင်းဒေဝီဘက်က ကျွန်တော်နားတဖြည်းဖြည်းတိုးကပ်လာတာကြောင့် ဒီမိန်းကလေးရဲ့ စိတ်နေစိတ်ထားကိုသတိထားမိခဲ့ပါတယ်။ ကျွန်တော်သူမကိုစတင်ရှောင်ဖယ်လာခဲ့ပါတယ်။ ရည်စားထားတယ်ဆိုတာ ကျွန်တောခ့အတွက် သိပ်မခက်ခဲပေမယ့် သူငယ်ချင်းကအသဲနစ်အောင်ချစ်မိတဲ့ ဒီမိန်းကလေးကိုတော့ ရည်စားအဖြစ်လက်မခံလိုပါ။

နှင်းဒေဝီဘက်ကစတင်ဖွင့်ပြောလာတဲ့ အျိန်မှာတော့ ကျွန်တော်ပြတ်သားစွာ ငြင်းပယ်ခဲ့ပါတယ်။ သို့ပေမယ့် ကျွန်တော့်သူငယ်ချင်းရဲ့ စိတ်ထဲဒဏ်ရာရသွားစေမယ့် နေ့ဟာလျှင်မြန်စွာ ကျွန်တော့်ထက်ရောက်ရှိလာပါတော့တယ်။

သို့....(completed)Where stories live. Discover now