သို့......
အပိုင်း၁၄
လွန်းသာ အိပ်ရာထဲ လူးလိမ့်နေမိသည်။ အတွေးများက လွန်းသာအားအိပ်မရအောင် လှုပ်နိုးနေသယောင်။ပျံလွင့်နေသော စိတ်အစဥ်ကို လွန်းသာ ထိန်းချုပ်၍ အိပ်စက်ခြင်းဆီသို့ ရောက်ရှိအောင် ထိန်းချုပ်နေပါသောလည်း အိပ်မရပါ။
ကိုကိုပေါ်ထားတဲ့ မိမိစိတ်ကို မိမိကိုယ်တိုင် သိနားလည်လာရတော့ သာမာန်အထိအတွေ့လေးတွေကအစ လွန်းသာကို စိတ်လှုပ်ရှားစေလာသည်။ ပုံမုန်အကြည့်တွေအပြုံးတွေကအစ လွန်းသာကို စိတ်ထွေပြားစေလာသည်။
အရင်က လွန်းသာ သိပ်ကိုအခြေကြိီးတယ် လို့ ကျောင်းကသူငယ်ချင်းတွေက ပြောလာတတ်သည်။ အကြောင်းမူကား လွန်းသာဟာ ကျောင်းမှာကတည်း ကျောင်းကျားလေးတန်မဲ့ မိန်းကလေးများရဲ့ ရေလာမြောင်းပေးလုပ်ခြင်း၊ ရှက်တတ်သော စိတ်ကလေးတွေရဲ့ မိန်းမမာယာအရ အထာပေးခြင်း၊ ရဲတင်းသောမိန်းကလေးတွေရဲ့ ပွင့်လင်းစွာ ရည်းစားစကားပြောခံခြင်းတို့ရှိခဲ့ဖူးသည်။ထိုမျှမက ယောက်ကျားလေးတစ်ချို့ရဲ့ လူအများကွယ်ရာမှာ စာပေးခြင်း စောင်းမြောင်း စနောက်ခြင်းတို့ကိုလည်း ခံခဲ့ရဖူးသည်။
ထိုအချိန်က လွန်းသာသည် ရည်စားထားဖို့ စိတ်မရှိခဲ့ မိမိရဲ့မိဘတွေရဲ့ ချွေးနဲ့စာ နဲ့ကျောင်းနေရသည်မို့ သားအလိမ္မာဖြစ်ဖို့သာ လွန်းသာအာရုံရသည်။ ပြီးတော့ လွန်းသာဟာ ရုပ်နည်းနည်းဆိုးရင် ပြန်ကြိုက်တတ်ရိုး ထုံးစံမရှိ။ သူငယ်ချင်းသာ မိတ်ဖွဲ့ချင်ဖွဲ့မယ် ရုပ်ဆိုးတဲ့ လူတွေဆို လွန်းသာ ချစ်သူဖြစ်ဖို့ စိတ်ကူးထဲတောင် မထည့်တတ်သူဖြစ်သည်။
ခုတော့ သူ့ရဲ့ နှလုံးသားဟာ အနည်းငယ်ရုပ်ဆိုးတဲ့ လူမဟုတ်ပဲ မျက်နာတစ်ခြမ်းမှာ တစ်လမလောက် ဖောင်ကြွနေတဲ့ ရုပ်ဆိုးသည်ဟု ထင်မှတ်ရသော လူကိုမှ နှလုံးသားကမလွန်းဆန်နိုင်တော့ပါ။ ဘာကြောင့်ချစ်မိလဲ လွန်းသာမှာ အဖြေမရှိပါ။ သူကိုယ်တိုင်လည်း ထိုအဖြေကို ယခုတိုင်ရှာမရခဲ့။
ကျွန်တော်ပြတင်းပေါက်လေ အေးအေးကြောင့် လှုပ်ရွမနေပဲ ငြိမ်သက်စွာ ပတ်လပ်နေအထားနဲ့ စိတ်ကို တည်ငြိမ်အောင်လုပ်နေမိသည်။ လွန်းသာ....ဘာတွေဖြစ်နေတာလည်း မနက်ကျရင် အမေဆေးရဒ့သွားစစ်ဖို့ လိုတာတွေ ပြင်ဆင်ပေးရအုံးမယ်လေ အိပ်တော့ အိပ်သင့်နေပြီ ဟုကိုယ့်ကိုယ်ကို စိတ်ထဲကရေရွတ် ဆုံးမနေမိသည်။
![](https://img.wattpad.com/cover/237492083-288-k776978.jpg)
STAI LEGGENDO
သို့....(completed)
Narrativa generaleမထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယောက်ရောက်လာပြီး မချစ်တတ်သော အဖြူရောင် အောက်ခံစာရွက်လေးအား အချစ်တို့ဖြင့် ဆေးခြယ်လိုက်သည်။ ဆေးမှားသွား...