သို့....
အပိုင်း၂၆
"Hello Blue...."
စားသောက်ဆိုင်ကြီးရဲ့ ထောင့်ဘက်အစွန်း စားပွဲမှာ ကျော်ဖြိုးဝင်းထိုင်နေရင်း လက်ပြလှမ်းခေါ်မူ့ကြောင့် Blue သူ့အားစိုက်ကြည့်လိုက်သည်။ ဟော်တယ်မှာ ညစာစားဖို့ဖိတ်တာကြောင့် လာခဲ့ခြင်းဖြစ်သည်။ တစ်ဆိုင်လုံးမှာ လူမရှိ မှာထားတာ သိပ်မကြာသေးတဲ့ စားပွဲတွေက အငွေ့အနည်းငယ် ထွက်နေသည်ကို Blueအဝေးကနေတောင် လှမ်းမြင်နေရသည်။
Blue ကျော်ဖြိုးဝင်းရှိရာ ဝိုင်းမရောက်ခင် တပည့်ဖြစ်သူအီ့တီအား
"မင်းနေခဲ့.... "
"ဟိုဆရာကို...."
"ငါဘာမှ မဖြစ်ဘူး...ခိုးချောင်ခိုးဝုက်ပဲ ဒီကောင်က လုပ်ရဲတဲ့ကောင် ဒီလိုနေရာမှာ ငါ့ကို ဘာမှမလုပ်ဘူး စိတ်ချ...."
အီ့တီ မိမိဆရာစကားကြောင့် ဆရာဖြစ်သူနဲ့အတော်လှမ်းလှမ်းစားပွဲမှာ ထိုင်ကာ ဆရာဖြစ်သူကို စိတ်ချနိုင်စွာ ကြည့်နေမိသည်။
" တွေ့ရတာ ဝမ်းသာပါတယ် ကိုကျော်ဖြိုးဝင်း...."
"ရပါတယ်ဘပထမဆုံးမှ မဟုတ်တာBlue....."
Blueပြုံးပြကာ ဝင်ထိုင်လိုက်သည်။ ဒီလူရဲ့စကားဆိုလိုရင်းကို သိနေသည်။ သူနဲ့Blueအစစ်နဲ့ ဘယ်နှစ်ခေါက်လောက်တွေ့ဖူးလဲ မသိပေမယ့် တွေ့ဖူးတယ်ဆိုတာကို သိသည်။
"မှာထားတာတွေက များတယ်နော်...."
Blueဟင်းပွဲတွေကို ကြည့်ကာပြောလိုက်မိသည်။ Blueအစစ်နဲ့တည့်ပေမယ့် မိမိနဲ့မတည့်တဲ့ အစားအစညကို မျက်စေ့ကရောက်သွားသည်။ မြေပဲ ပါတဲ့ဟင်းတစ်ခွက်ကို တွေ့ပေမယ့်Blue ဘာမှမဖြစ်သလို နေလိုက်ရသည်။ မဟုတ်ရင် သူ့သရုတ်အမုန်ကို အနည်းငယ်တော့ ကျော်ဖြိုးဝင်း သံတရဝင်သွားလောက်မည် ဖြစ်သည်။
"ဒါပေါ့ ..... မှတ်မိသေးလား Blue...မင်းကအစားသိပ်ကြီးတာနော် အဲ့နေ့က ဝိုကောင်လေးသနားပါတယ်....."
ကျော်ဖြိုးဝင်း ခရင်းကိုကိုင်ကာ လက်တွေတုံသွားတဲ့ Blueကို ခပ်မဲ့မဲ့ပြုံးကာကြည့်နေသည်။ သူ့အထင် Blueသည် သူ့နောက်ကြောင်းကို ပြန်ဖော်နေလို့ ထိပ်လန့်နေဟန် ရှိသည်လို့ ထင်မှတ်နေပုံရသည်။
YOU ARE READING
သို့....(completed)
General Fictionမထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယောက်ရောက်လာပြီး မချစ်တတ်သော အဖြူရောင် အောက်ခံစာရွက်လေးအား အချစ်တို့ဖြင့် ဆေးခြယ်လိုက်သည်။ ဆေးမှားသွား...