သို့......
အပိုင်း၃၄
လွန်းသာ မနက်ရောက်တော့မှ အိပ်ပျော်သွားတော့သည်။ မနက်၆နာရီလောက်ကျတော့ ကိုသာထူးကြီး လာနိုးမှ နိုးတော့သည်။ ဘေးကိုကြည့်တော့ ဟိုနှစ်ယောက်ရှိမနေတော့ပါ။လွန်းသာ စိုးရိမ်သွားရသည် ရန်ကုန်ပြန်တာ မိမိကို ခေါ်မသွားဘူးဆိုတဲ့ စိတ်ကြောင့် ဖြစ်သည်။ အနားမှာ စောင်တွေကူခေါက်ပေးနေတဲ့ ကိုသာထူးကြီးအား မေးလိုက်ရသည်။
"ကိုသာထူးကြီး ဟိုလူနှစ်ယောက်ကော...."
"အော်ရှိတယ်လေ လွန်းလေးရဲ့ အနောက်က ရေကန်မှာ ဆန်းမောင်လေး ရေချိုးဖို့ ခေါ်သွားတယ်....."
"အော်ဟုတ်ကဲ့...."
လွန်းသာ ထိုအခါမှ အသက်ရှူချောင်တောြသည်။ ရေချိုးပြီးပြန်တတ်လာတော့ လွန်းသာ မိမိတစ်ယောက်တည်း ရေသွားချိုးလိုက်သည်။ အုတ်ကန်အဝိုင်းမို့ ရေချိုးရတာ ရေဆွဲလိုက် ချိုးလိုက်မို့ အနည်းငယ်ကြာပေမယ့် ရေကသန့်နေတာကြောင့် ချိုးရတာအဆင်ပြေလှသည်။
လွန်းသာရေချိုးပြီးနောက် အဖွားအိမ်ဘက်သို့ ပြန်လာခဲ့လိုက်သည်။ အဝတ်လဲပြီးတာနဲ့ အဖွားနဲ့ကိုသာထူးတို့စုံတွဲ ပြင်ပေးထားတဲ့ ထမင်းဝိုင်းမှာ ဝင်ထိုင်ကာ ဟိုနှစ်ယောက်နဲ့ အတူမနက်စာစားဖို့ ပြင်ရတော့သည်။
မာလာပန်းသုတ် ၊ ပုဇွန်လုံးကို ချည်ချည်လေး ချက်ထားတာကလည်း စားလို့ကောင်းစေသည်။ လယ်ကွင်းတွေနဲ့နီးတာကြောင့် ပုဇွန်လုံးနဲ့ ငါးရှည့်တွေပေါများသည်။ ဧရာဝတီတိုင်းဖြစ်တာကြောင့် ရေချိုငါးက အရမ်းပေါသည်။ ငပိရည်ကို ငါးတံအသားနွာထည့်ကာ ကြိုထားသည်မို့ ချိုလှသည်။ တို့စရာကတော့ ပေါများလွန်းသည်။ထမင်းစားရတာ ရွာနဲ့မြို့အတော်ကွာသည် မြို့မှာဆို ရွာကလောက် အသီးအရွက်ဆိုတာ မနည်းကိုရှာကျန်နေရသည်။ မိုးကျလက်ဖတ်သုတ်ဆိုရင် ရွာမှာနေတုံးက တောထဲသွားခူးပြီး သုတ်စားလျှင် လက်ဖတ်လိုပဲ ဆိမ့်ေနအောင်ကို စားကောင်းလွန်းသည်။ ထမင်းစားနေတုံးကို ဆန်းမောင်က
"လွန်းလေးကိုစားတာမြင်တော့ ရွာမှာတုံးက ကိုလွန်းကြီးစားတာကို သတိရမိတယ်နော်....."
YOU ARE READING
သို့....(completed)
General Fictionမထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယောက်ရောက်လာပြီး မချစ်တတ်သော အဖြူရောင် အောက်ခံစာရွက်လေးအား အချစ်တို့ဖြင့် ဆေးခြယ်လိုက်သည်။ ဆေးမှားသွား...