သို့......
အပိုင်း၃၇
လွန်းသာ
လွန်းသာတစ်နေ့ကုန် Blueဆိုတဲ့လူကြီးအကြောင်းကို အတွေးထဲဆွဲသွင်းထားမိသည်။ သူဘာလို့မိမိအပေါ်စိမ်းကားရတာလဲဆိုတာ လွန်းသာနားမလည်နိုင်တော့ပါ။ ပြီးတော့ မနေတတ် ထိုင်မရထမရသလို ခံစားရသည်ကြောင့် ဖြစ်သည်။
တစ်နေ့လုံး ဘာကိုစိတ်ညစ်လို့ ညစ်မှန်းမသိ။ ဘာကို စိတ်မကောင်းဖြစ်လို့ ဖြစ်မှန်းမသိတော့ပါ။ နေ့လယ်ထမင်းစားချိန် မြင်လိုက်ရတဲ့ ထိုလူကြီးရဲ့ ပုံရိပ်လေးကို အမိအရငေးကြည့်လိုက်မိသေးသည်။ ဘယကြောင့် မမြင်ရမနေဖြစ်နေရတာလဲလို့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နေပေမယ့်လည်း မိမိသည်ထိုလူအပေါ်သာမာန်ထက်ပိုသော စိတ်ရှိနေပြီလားလို့တောင် မိမိကိုယ်ကို သံတရပိုဝင်လာရသည်။ ထိုသံတရကြောင့် ကို့ကို အားနာမိသည်။ ကိုကို့အပေါ်အပြစ်ကျူးလွန်မိသလို ခံစားနေရသည်။
"ဘာဖြစ်နေတာလဲ လွန်းလေး....မျက်နာက ညိုးနေတာပဲ...."
အကူအလုပ်သမားကိုမြတ်က ဘေးကခုံမှာ ဝင်ထိုင်ကာမေးလာသည်။
"ဟိုလေ...."
"ဘာဟိုလေလည်း.... ဘာမေးစရာရှိလို့လည်း သမီးရည်းစားအကြောင်းဆိုရင်တော့ စိတ်ချယုံကြည်လိုက်နေယ် လွန်းေလး ဟဲဟဲဟဲ...."
ကိုမြတ်က စပ်ဖြီးဖြီးမျက်နာထားနဲ့ ဆိုလာသည်။ လွန်းသာပြောရမှာ ရှက်ပေမယ့်လည်း သူလိုချင်သောအဖြေကို ရမလားသိချင်မိသည်။
"လူတစ်ယောက်ကိုလေ မျက်နာမမြင်ရရင် မနေနိုင်ဘူး မြင်ရရင်လည်း ရင်ထဲအေးချမ်းသွားတာမျိုးဗျာ...ပြီးတော့ သူကအနေစိမ်းနေရင် စိတ်မကောင်းဖြစ်ပြီး မွန်းကျပ်နေသလို ခံစားရတယ်ကိုမြတ်...."
"ဟားးးးးး....ဟားးးးးးး.... "
ရုတ်တရက်ထရယ်လာတဲ့ ကိုမြတ်ကြောင့် အမြန်ပင် အာပြဲလန်အောင်ရယ်နေတဲ့ကိုမြတ်ပါးစပ်ကို လက်နဲ့အသဲအသန်ပိတ်လိုက်ရသည်။
"ကိုမြတ်ဘာလို့ အာပြဲကြီးနဲ့ ရယ်နေရတာလဲ....သုများတွေကြားကုန်မယ်လေ....."
ESTÁS LEYENDO
သို့....(completed)
Ficción Generalမထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယောက်ရောက်လာပြီး မချစ်တတ်သော အဖြူရောင် အောက်ခံစာရွက်လေးအား အချစ်တို့ဖြင့် ဆေးခြယ်လိုက်သည်။ ဆေးမှားသွား...