ဇာတ်လမ်းလေးတစ်ပုဒ်ရဲ့အစ

36.8K 725 6
                                    

"ဟာ ပြည့်စုံ
အပြစ်ပေးခံရတာလား ထူးထူးဆန်းဆန်းပါလားဟေ့
ဆရာကြီးရော ရုံးခန်းထဲမှာရှိလား"

ဆရာကြီး၏ ရုံးခန်းရှေ့တွင် ဒူးထောက်နေသော ပြည့်စုံအား ဦးလေးကျော်မှ မေးလိုက်ခြင်းဖြစ်သည်။
ပြည့်စုံသည် ဂေဟာတွင် အလိမ္မာဆုံးနှင့် ဆရာအချစ်ဆုံးကျောင်းသားဖြစ်သည်။
အပြစ်ပေးခံရတယ်ဆိုတာ ခပ်ရှားရှားရယ်ပါ။
တစ်ခါတစ်လေ အမှားလုပ်မိရင် အဆူခံရရုံနှင့်သာပြီးတတ်သည်။
ယခုလိုအပြစ်ပေးခံနေရခြင်းသည် ဒီတစ်ကြိမ်သည် ဒုတိယအကြိမ် သာဖြစ်လေသည်။

"ဟုတ် ဦးလေးကျော်
ဆရာ အထဲမှာရှိပါတယ်ဗျ"

ရယ်၍သာ ပြည့်စုံပြန်ဖြေလိုက်မိသည်။
ဦးလေးကျော်က တံခါးခေါက်၍ ဧည့်သည်နဲ့အတူ ရုံးခန်းထဲသို့ဝင်သွားသည်။

ဦးလေးကျော်နဲ့ အတူပါလာသော အကိုကြီးကို ပြည့်စုံမသိမသာ စောင်းငဲ့ကြည့်မိလေတော့ လူကြီးလူကောင်းဆန်သည့် အမျိုးသားတစ်ယောက်ဖြစ်မှန်းသိသာလေသည်။
ထို့အပြင် အပြာနုရောင် ရှပ်အကျီလက်ရှည်ကို ခေါက်တင်ထားကာ ပုဆိုး အနက်ရောင်လေးနဲ့ဝတ်လာသည်မှာ မြန်မာအဝတ်အစားကိုမြတ်မြတ်နိုးနိုးဝတ်ဆင်တတ်သူမှန်းသိသာစေသည်။
အကိုကြီး၏ မျက်နှာကိုတော့ ပြည့်စုံသေချာမမြင်လိုက်ပေ။

"ခုလို တကူးတက လာကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ"

အကိုကြီးအကြောင်း တွေးနေမိသောကြောင့် တံခါးဖွင့်သံကို ပြည့်စုံတစ်ယောက်မကြားလိုက်။
လက်ကိုအမြန်ပြန်မြှောက်ကာ ခေါင်းကိုအသာငုံ့ထားလိုက်မိသည်။
ဆရာတွေ့သွားမည်မှာ သေချာသည်။

"ဟုတ်ကဲ့
ဂေဟာကို လေ့လာကြည့်လို့ရမလားဗျ"

"ရတာပေါ့ဗျာ
ကျော်ကြီးရေ ဧည့်သည်ကို ဂေဟာအနှံ့လိုက်ပြပေးပါဦး"

"ဟုတ်ကဲ့ပါ ဆရာကြီး"

ဦးလေးကျော်နှင့် အကိုကြီးတို့တော့ ထွက်သွားကြပီ။
ပြည့်စုံနဲ့ ဆရာသာကျန်ခဲ့တော့သည်။
အချိန်အတော်ကြာတဲ့ထိ ဆရာ့ဘက်မှစကားမပြောချေ။
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်က ပြည့်စုံကို အနည်းငယ်တော့ ကြောက်လန့်စေသည်။
တိတ်ဆိတ်မှုနှင့်နေသားမကျသောပြည့်စုံကပဲ တိတ်ဆိတ်မှုကိုစတင်၍ဖြိုခွဲဖို့ကြိုးစားလေသည်။

BelongingWhere stories live. Discover now