He is my DOLL
ဤဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည် ။ မည်သူတစ်ဦးတစ်ယောက် မည်သည့်အဖွဲ့အစည်း တစ်စုံတစ်ရာကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရွိပါ ။
(1)
" ဟဲ့ကောင်လေး ... ဆန်အိုးထဲမှာဆန်မရှိတော့ဘူး "
ပိုင် အိပ်မှုံစုံမွှားဖြင့် အိပ်ရာမှထကာ ရေမိုးချိုးအလုပ်သွားရန် ရေတိုင်ကီရှိရာဆီသို့ လျှောက်လာစဉ် မိထွေးဖြစ်သူက လှမ်းအော်သဖြင့်
" နေအုံး ... ရေချိုးအုံးမယ် "
ဟု ပြန်ပြောလိုက်သည် ။ ထို့နောက် ကျောက်ရေစည်အတွင်းမှ အေးစက်သောရေတို့ကို ခေါင်းမှစ၍ လောင်းချလိုက်သည် ။
ရေအေးသည် ရင်ထဲမှအပူမီးကို မငြှိမ်းနိုင်မှန်း ပိုင်သိသော်လည်း အေးလိုအေးငြား ဟူသော ကလေးအတွေးဖြင့် ရေကို အဆက်မပြတ်လောင်းချိုးနေမိသည် ။
(2)
ပိုင် ဆိုဖာပေါ်တွင်ထိုင်ကာ စီးကရက်သောက်ရင်း ရောက်မလာသေးသောဧည့်သည်ကို စောင့်နေလိုက်သည် ။ ချိန်းထားသည့်အချိန်ထက် အတော်နောက်ကျသွားပြီးသောအခါမှ ပိတ်ထားသောတံခါးက ပွင့်လာသည် ။ အခန်းထဲသို့ဝင်လာသောလူကို ပိုင် ရယ်ပြလိုက်ပြီး
" ဆာဝါဒီခ "
ဟု ထိုင်းလိုနှုတ်ဆက်လိုက်သည် ။ ထိုလူကလဲ ပိုင့်ကိုပြန်နှုတ်ဆက်ပြီး ပိုင့်အနားသို့ လျှောက်လာသည် ။ ထို့နောက် ပိုင်ဝတ်ထားသော ဘက်ရုဖ်ကို ဆွဲချွတ်ရန်လက်ပြင်သည် ။ ထို့ကြောင့် ပိုင် ထိုလူ့လက်ကို ပုတ်ထုတ်လိုက်ပြီး
" အခုမှရှစ်နာရီပဲရှိသေးတယ် .... အချိန်မရှိဘူးဆိုရင်တောင် လေးနာရီလောက်အချိန်ရတယ် ... ဘာတွေလောနေတာလဲ "
ဟု ပြောလိုက်သည် ။ ပြောပြီးသည်နှင့် လွတ်နေသောနေရာကို မေးငေါ့ပြပြီး
" ထိုင်ပါအုံး ... စီးကရက်လေးဘာလေးသောက်ပါအုံး "
ဟု ပြောကာ စီးကရက္တစ္လိပ္ကို ထုတ်ပေးလိုက်သည် ။ ထိုလူက ပိုင့်ကိုဘာမှမပြောပဲ ဆိုဖာတွင်ထိုင်ကာ ပိုင် မီးညှိပေးသောစီးကရက်ကို သောက်သည် ။ နာရီဝက်နီးပါးကြာသောအခါမှ ပိုင်