👀zaw & uni👀
ကျောင်းမှပြန်လာတဲ့တလျှောက် မိမိအား စကားတစ်ခွန်းမဆိုပါသော ဦးထွဋ်။ ကားကိုသာအာရုံတစိုက်မောင်းပြီးတိတ်ဆိတ်နေပုံကြောင့် လရောင်စိတ်ထဲအနေရခတ်လာသည်။ ပုံမှန်ဆို မိမိကို ကျောင်းမှာ ဘယ်လိုလဲအဆင်ပြေလား မေးနေကြမဟုတ်လား။ ယခုတော့ တစ်ခုခုကိုစိတ်ဆိုးနေဟန်ရှိပုံကြောင့် လရောင် ကိုယ့်အင်္ကျီစကို ပြန်ခြေမွရင်း စကားစပြောရနိုးနိုးဖြစ်နေလေ၏။
မထူးတော့ဘူး ဦး ဘာဖြစ်နေလဲဆိုတာ မေးကြည့်ရမယ်..
"ဦးထွဋ် အလုပ်မှာ ကိစ္စတစ်ခုခုဖြစ်ထားလို့လား"
လရောင် စမေးလာသော အမေးကြောင့် ဂုဏ်ရည် လှည့်ကြည့်မိ၏။ ထို့အတူ မဖြစ်ဘူး ဟူသည့်အမေးကိုသာ ခပ်အေးအေးဖြေပြီး အရှေ့ကိုပြန်လှည့်သွားပြန်သည်။ လရောင်မှာတော့ အေးစက်နေသည့် အခြေအနေကြောင့် အောက်နှုတ်ခမ်းသားကိုအသာကိုက်မိရင်း ခေါင်းထဲအတွေးမျိုးစုံဖြင့် အလုပ်ပေးနေမိသည်။
"ဦး....ကျွန်တော့်ကို စိတ်ဆိုးနေတာလားဟင် စကားလည်းမပြောဘူး ကျွန်တော် ဦးစိတ်ဆိုးအောင်တစ်ခုခုလုပ်ထားမိလို့လားဟင်"
"မဆိုးပါဘူး"
မိမိကိုမကြည့်ဘဲပြန်ဖြေလာသည့် ဦးထွဋ်၏အသံဟာခပ်ရှရှနိုင်သလို ကျောချမ်းဖွယ်လည်းကောင်း၏။ သေချာပါသည် ဦးထွဋ် မိမိကို တစ်ခုခုကြောင့်စိတ်ဆိုးနေတာ။ ဒါပေမယ့် ဘာကိစ္စကြောင့်များလဲ။ဆက်တော့မမေးမိ။ အိမ်ပြန်ရောက်သည်အထိ နှစ်ဦးသားငြိမ်သက်နေမိသည်။ သို့ပေမယ့် လရောင်ပျို့၏ စိတ်ထဲမှာတော့ မေးခွန်းပေါင်းများစွာက နေရာယူထားလို့ပင်။
....
ဆင်ဝင်အောက် ကားရပ်ပြီးသည်နှင့် ဂုဏ်ရည် ကားထဲမှ အရင်ဆင်းကာ အိမ်ထဲတန်းဝင်သွားသည်။ အနောက်မှာကျန်ခဲ့သည့် လရောင်ကိုတောင် မစောင့်သည့်အပြင် ကြီးမေတို့ကိုပါ စကားမပြောဘဲ အပေါ်ထပ်ကိုသာ တက်သွားသည်ကြောင့် လရောင်တင်မက ကျန်သည့်ကြီးမေတို့ပါ ကြောင်အမ်းနေကြသည်။
"လရောင်လေး... သားဂုဏ်ရည်နဲ့ရန်များဖြစ်လာသေးလို့လား"
ဒေါ်မြမေမှာ အခြေအနေအကြောင်းကြောင်းကြောင့်မေးမိခြင်းပင်။ လရောင်ကလည်း ခေါင်းအသာရမ်းပြီးမဖြစ်ပါဘူးဟုသာဖြေမိ၏။ သူကိုယ်တိုင်လည်း ဦးထွဋ် ဘာလို့အခုလိုဖြစ်နေလဲဆိုတာ သိချင်နေသည်မဟုတ်လား။
YOU ARE READING
Kiss me,Baby (Completed)