~31~

2K 137 11
                                        

"ဘော့စ် ကျွန်တော်တို့ရဲ့သန်လျင်က ဆိုက်မှာ လေဘာတွေ ပြဿနာဖြစ်နေပြီ"

ကိုယ် နေမကောင်းလို့နားတာ တစ်ရက်တည်း။ ပြန်လုပ်လုပ်ချင်း ပြဿနာက စလာပြီ။ ဂုဏ်ရည် စိတ်တော့ရှုပ်သွားရ၏။ သို့ပေမယ့် အတည်ငြိမ်ဆုံးစိတ်ကို ထားပြီး ထိုကိစ္စကို ဖြေရှင်းရန်သာ ပြင်ဆင်ရ၏။

"ဘယ်ကဘယ်လိုစဖြစ်တာလဲ"

"လေဘာတွေက အရင်ကပေးနေကျ လုပ်အားခတွေကို ထပ်တိုးစေချင်နေတယ် တခြားဆိုက်က သူတို့ထက် 10 percent များနေတာမို့ မကျေနပ်ကြဘူးဖြစ်နေတယ် အဲ့လုပ်ခက ပေးလာတာ ၆လကျော်ပြီး အခုမှ ဘယ်ကနေဘယ်လိုဖြစ်သွားလဲမသိဘူး"

မင်းထိုက်၏ပြောပြချက်အရ ဂုဏ်ရည် အခြေအနေကို သိပ်မသင်္ကာတော့။ လောလောဆယ် တရားခံကိုရှာရမည်ထက် တရားလိုတွေကို အရင်ရှင်းရမည်။

"ကောင်းပြီ အခု ငါ လေဘာခေါင်းဆောင်နဲ့တွေ့ချင်တယ်" ဂုဏ်ရည်ပြောသည်နှင့် ချက်ချင်း ဦးညွှတ်ကာ အမိန့်နာခံစေသည်။ ဒီနေ့တော့ အလုပ်ရှုပ်တော့မယ်ထင်တယ်။

...

"ရပါတယ် ဦးရဲ့ ကျွန်တော် ကိုယ့်ဘာသာပြန်လိုက်ပါ့မယ်"

"မဟုတ်တာ ကိုယ် ကားလွှတ်လိုက်မယ် တစ်ယောက်တည်းပြန်လွှတ်ဖို့စိတ်မချဘူး"

"ရပါတယ်ဗျ ဦးစိတ်မချဘူးဆိုလည်း ကျွန်တော် သူငယ်ချင်းတွေနဲ့ပြန်လိုက်ပါ့မယ် စိတ်ချနော် ဦးအလုပ်ကိုသာ ဂရုစိုက်လုပ်ပါဗျ"

ကလေးက ထိုသို့ဆိုလာတော့လည်း ဂုဏ်ရည်အတင်းမပြောတော့။ ကိုယ်တိုင်ကလည်း လေဘာတွေရဲ့ ကိစ္စကြောင့် အလုပ်တွေရှုပ်နေသလို မင်းထိုက်ကိုတောင် ကလေးဆီ လွှတ်ဖို့ အခွင့်မရ။ အနည်းဆုံးတော့ စောင့်နေရတာထက်စာရင် စိတ်ချရပါတယ် ဟုတွေးကာ အင်တင်တင်ဖြင့် လက်ခံရသည်။ ထို့နောက် နှစ်ဦးကြားဆက်သွယ်ရေးကို ဖြတ်ပြီး တစ်ယောက်နဲ့တစ်ယောက် စိတ်ပူကြောင်းသာ စိတ်ထဲကနေ ပြရတော့သည်။

"ဦးဂုဏ်ရည်က လာမကြိုနိုင်လို့တဲ့လား" ရှိန်းက မေးတော့ လရောင် ခေါင်းညိမ့်ရုံသာဖြေသည်။

"ဒါဆိုလည်း ငါတို့နဲ့ပြန်ခဲ့လိုက်လေ ငါတို့ကားငှားပြီး ပြန်ကြမလား လမ်းတော့မသင့်ပေမယ့် ရမယ်ထင်တယ်" နွယ်နီကဆိုတော့ လရောင်အားနာရသည်။ တကယ်ဆို သူတို့နဲ့က လမ်းကြောင်းမသင့်လေတော့။

 Kiss me,Baby (Completed)Hikayelerin yaşadığı yer. Şimdi keşfedin